တူဟမ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလာခြင်း၊ ရာသီကြိုပါနိုင်ရေး စကော့တလန်အသင်းကနေ နှုတ်ထွက်တဲ့ ဗန်ဒုတ်၊ ဂျူလိုင်လ ၁၀ ရက်နေ့မှာ ပူးပေါင်းမယ့် ကယ်လစ္စတာနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

စကော့တလန် တိုက်စစ်သမား ဗန်ဒုတ်ဟာ ယူ-၂၁ တာဝန်ကနေ နှုတ်ထွက်လိုက်ပါပြီ။ သူဟာ လီဗာပူးအသင်းရဲ့ ရာသီကြို အစီအစဉ်မှာ အရည်အချင်း ပြသနိုင်ရေး ကြိုတင် ပြင်ဆင်ဖို့ လက်ရွေးစင်ကနေ ထွက်ခွာခဲ့တာပါ။

ဒီကရှေ့ လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ကိစ္စတွေကို ဂျူလီယန်ဝတ်အစား ဂျော့ရှမတ်ကီက လွဲပြောင်း တာဝန်ယူပြီ ဖြစ်ပါတယ်။

အင်တာမီလန်ဟာ ဘာရယ်လာအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ထက် ပိုလိုချင်နေပါတယ်။ သူ့ကို ခေါ်ယူရေး နယူးကာဆယ်ဘက်က အားထုတ်နေခြင်း ဖြစ်ကာ လီဗာပူးဘက်ကတော့ နောက်ဆုတ်ခဲ့ပြီလို့ ယုံကြည်ရပါတယ်။

လူငယ်တန်းမှာ နာမည်ရနေတဲ့ ဂိုးသမား ဟာဗေးဒေးဗစ်ဟာ လိဂ်-၂ ကလပ် Crewe Alexandra အသင်းထံ လာမယ့်ရာသီ အငှားထွက်ကစားပြီ ဖြစ်ပါတယ်။

အင်္ဂလန် ယူ-၂၁ အသင်းနဲ့အတူ ဟာဗေး၊ ကာတစ်ဂျုံးတို့ဟာ ယူရိုပြိုင်ပွဲထံ ပါဝင် ယှဉ်ပြိုင်ကြမှာဖြစ်ကာ နှစ်ဦးဟာ ကွင်းလယ်အတွက် ရွေးချယ်ခံထားရပါတယ်။

တူဟမ်ကို ခေါ်ယူဖို့ လီဗာပူးတစ်သင်းတည်း စားပွဲဝိုင်းထဲ ဝင်ထိုင် ဆွေးနွေးနေခြင်းကို Nice အသင်းက စိတ်ပူနေပြီး စျေးပြိုင်ကမ်းလှမ်းမှု မရနိုင်ဖြစ်နေတာကို ၎င်းတို့ဘက်က သဘောမကျဖြစ်နေပါတယ်။

လီဗာပူးအသင်းနဲ့ ကီဖရမ် တူဟမ်ရဲ့ ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုဟာ အခြေအနေ ကောင်းမွန်ခဲ့သလို တူဟမ်က အသင်းပြောင်းလိုတဲ့ သူ့ရဲ့ ဆန္ဒအား Nice အသင်းဘက်ကို ထုတ်ပြောထားပါတယ်။

မက်ကယ်လစ္စတာဟာ ဂျူလိုင်လ ၁၀ ရက်နေ့မှာ လီဗာပူးအသင်းနဲ့ ရာသီကြို စတင် ပူးပေါင်းမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ၁၅ နှစ်ကြာ ရှိခဲ့တဲ့ အကယ်ဒမီကြယ်ပွင့် လေတန် ကလာဆန်ဟာ စကော့တလန်ကလပ် အဘာဒင်အသင်းထံ အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။