ဒဏ်ရာရသွားတဲ့ အယ်လီဆန်၊ အင်္ဂလန်ကွင်းလယ်မှာ ပွဲထွက်ပြီး ဂိုးသွင်းတဲ့ ထရန့်၊ ဗီဂါအတွက် ဆက်သွယ်နေပြီဖြစ်ခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

ကိုနတေးနဲ့ ဒီယက်ဇ်တို့ဟာ ပြင်သစ်နဲ့ ကိုလံဘီယာအသင်းတွေအတွက် ပွဲထွက် လူစာရင်းကနေ ပါဝင်ကစားပေးခဲ့ကြပါတယ်။

ဂိုးသမား အယ်လီဆန်ဟာ လက်ချောင်း ဒဏ်ရာရခဲ့တာမို့ ဘရာဇီး လေ့ကျင့်ရေး လူစာရင်းကနေ ခပ်စောစော ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အင်္ဂလန်အသင်းက မာတာအသင်းကို ၄ ဂိုးပြတ် အနိုင်ရတဲ့ မနက်ကပွဲမှာ ထရန့်ဟာ ခြေစွမ်းပြ ကစားပြီး သွင်းဂိုး ၁ ဂိုးရယူခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

Anfield Road ပွဲကြည့်စင်မှာတော့ လီဗာပူးလိုဂိုကို တပ်ဆင်မှုဟာ ပြီးစီးခဲ့ပါပြီ။ မကြာခင်မှာတော့ Main Stand နဲ့ Anfield Road Stand ကြားမှာလည်း တပ်ဆင်သွားမှာပါ။

လီဗာပူးက သူ့ကို စိတ်ဝင်စားနေသလို ကင်းထောက်ခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်လာမလား ဆိုတာကို မသိသေးပါဘူးလို့ ဗန်ဒီဗန်က ထုတ်ပြောလာပါတယ်။

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ကာဗာရိုကို တစ်ရာသီ အငှားခေါ်ယူဖို့ စတင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

လီဗာပူးပိုင်ရှင်တွေဟာ အင်္ဂလန်ပြင်ပကနေ ရင်းနှီးမြုပ်နှံမှုအသစ် ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒီအပတ်ထဲမှာ ဂါဘရီ ဗီဂါနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့အတူ လီဗာပူးအသင်းက ဆွေးနွေးစကားပြောမှု ပြုလုပ်ခဲ့သလို အခုချိန်ထိ စပိန်ကွင်းလယ်လူကို စိတ်ဝင်စားမှု အရှိဆုံး ကလပ်ဖြစ်ပါတယ်လို့ ရိုမန်နိုက ဖော်ပြခဲ့ပါတယ်။