ဘိုကာဂျူနီယာ ကွင်းလယ်ခံစစ်သမားကို ခေါ်ယူဖို့ ခြေလှမ်းပြင်လာပြန်တဲ့ လီဗာပူး

တောင်အမေရိက စျေးကွက်ကို ခြေလှမ်းကျဲဖို့ ပြင်ဆင်နေတဲ့ လီဗာပူးအသင်းဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာ ကွင်းလယ်လူ ဗာရယ်လာကို ခေါ်ယူဖို့ သတင်းထွက်လာပါတယ်။

ဘိုကာဘက်ကပဲ သူတို့အသင်းနဲ့ Tigre အသင်း ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်ကို လီဗာပူးဘက်က ကင်းထောက် စေလွှတ်ခဲ့ကြောင်း ဖော်ပြလာခဲ့တယ်။ လီဗာပူးဘက်က မတ်လတည်းက အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူကို ကင်းထောက်နေခြင်းလို့ သိရတယ်။

ဘာရယ်လာကို စိတ်ဝင်စားနေတဲ့ ကလပ် ၅ သင်းရှိထားပြီး လီဗာပူးအပြင် ဘာစီလိုနာနဲ့ နယူးကာဆယ်တို့ကလည်း ကွင်းလယ်လူကို စိတ်ဝင်စားနေပါတယ်။ ကွင်းလယ်လူအတွက် စာချုပ်ပါကြေးက ပေါင် ၁၁.၇ သန်း ဖြစ်ပါတယ်။

တောင်အမေရိက စျေးကွက်ဟာ ပရီးမီးယားလိဂ် ကလပ်တွေအတွက် ရင်းမြစ်တစ်ခု ဖြစ်လာနေပြီး ဒီနှစ်တွေအတွင်း အဲဗာရက်စ်၊ ကယ်လစ္စတာ၊ ကိုင်ဆီဒိုလို ကစားသမားတွေ ပေါ်ထွက်လာနေပါတယ်။ လီဗာပူးအသင်းဟာ အဆိုပါစျေးကွက်ကို ကင်းထောက်တွေ လွတ်နေတာ ကာလတစ်ခု ရှိလာနေပါပြီ။

ကွင်းလယ်ခံစစ်မှာ ကစားတဲ့ ဗာရယ်လာဟာ ဒီနွေမှာ လီဗာပူးကို ပြောင်းလာခဲ့သူ ကယ်လစ္စတာနဲ့ နိုင်ငံတူ ကစားသမားဖြစ်ပါတယ်။ ဒီနွေမှာ သူ့ကို ခေါ်ယူမယ်ဆိုရင် လီဗာပူးအသင်းဟာ အာဂျင်တီးနား လိဂ်ကနေ ကစားသမားတစ်ဦးကို တိုက်ရိုက် ခေါ်ယူခြင်း ဖြစ်လာပါလိမ့်မယ်။