

အီဂျစ်အသင်းက ၂၀၂၃ အာဖရိကဖလားပြိုင်ပွဲကို အုပ်စုအဆင့် ဝင်ရောက်ခွင့်ရဖွယ်ရှိတာမို့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွေမှာ ယှဉ်ပြိုင်ရမယ့် ဘုန်းမောက်၊ ချယ်ဆီး၊ အာဆင်နယ်နဲ့ ဘန်လေပွဲတွေကို ဆာလာ လွဲချော်နိုင်ပါတယ်။
မနှစ်ကရာသီ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဂျိုတာဟာ လက်တလောမှာ ကြံ့ခိုင်မှု ပြည့်ဝနေကာ ပေါ်တူဂီအသင်းပွဲစဉ်ကို အရန်လူစာရင်းကနေ ပါဝင်ခဲ့ပါတယ်။
လီဗာပူးနဲ့ အပြောင်းအရွှေ့ သတင်းထွက်ထားသေးတဲ့ ဗယ်ဗာဒီက သူဟာ မက်ဒရစ်မှာပဲ ဆက်ရှိနေမှာဖြစ်သလို မက်ဒရစ်ပရိသတ်တွေအတွက် ဆုဖလားတွေ ရယူပေးလိုတယ်လို့ ဆိုသွားပါတယ်။
ဂျာမာန်ဘောလုံးလောကမှ နာမည်ကြီး သတင်းထောက် Christian Falk ကတော့ လီဗာပူးအသင်းဟာ ဝုဒ်ဘတ်အသင်း ခံစစ်မှူး ဗန်ဒီဗန်ကို ခေါ်ယူနိုင်ရေး နီးစပ်နေပြီလို့ ဆိုပါတယ်။
ဒီနွေမှာ ဂျူဗင်တပ်ကို ပြန်သွားတဲ့ အာသာဟာ အက်စတွန်ဗီလာ အသင်း ကစားသမားအဖြစ် အင်္ဂလန်လိဂ်ကို ပြန်ရောက်လာနိုင်ပါသေးတယ်။
ယာဂင်က အင်တာကွင်းလယ်လူ ဘာရယ်လာကို အတော်လေး သဘောကျတာမို့ အပြောင်းအရွှေ့ ဖြစ်မလားက စောင့်တော့ ကြည့်ရမယ်လို့ ရိုမန်နိုက ဆိုပါတယ်။ လက်တလော အခြေအနေအရတော့ ကမ်းလှမ်းမှု မြင်ရဖို့ သွေးအေးနေပါသေးတယ်။
ဗန်ဒိုက်က သူဟာ လီဗာပူးနဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေသေးပြီး အသင်းမှာ သူ့ရဲ့ အနာဂတ် ရှိနေသေးတယ်လို့ ယုံကြည်ကြောင်း ထုတ်ပြောခဲ့ပါတယ်။
နောက်အပတ်လောက်အတွင်း ကာဗာရိုရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိရဖွယ်ရှိပြီး တိုက်စစ်သမားကို ဝက်စ်ဟမ်းဘက်က ချိတ်ဆက်မှု ပြုလုပ်နေပါတယ်။