သီယေဂိုကို ရောင်းထုတ်ပြီး ပိုအားကိုးလို့ရမယ့် ကွင်းလယ်လူတွေ ခေါ်ယူဖို့ တိုက်တွန်းခြင်းနဲ့ လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ဆယ်တာဗီဂိုမှ ဗီဂါကို စိတ်ဝင်စားပေမယ့် အခုချိန်ထိတော့ ပြင်သစ် ကွင်းလယ်လူ တူဟမ်ကို ခေါ်ယူနိုင်ရေးကပဲ ဦးစားပေးဖြစ်တယ်လို့ သိရပါတယ်။

နယ်သာလန်က အီတလီကို ၃-၂ ဖြင့် အရေးနိမ့်တဲ့ပွဲမှာ ချီယေဆာ သွင်းဂိုးအတွက် ဗန်ဒိုက်ရဲ့ ကာကွယ်ပုံကို ဝေဖန်မှုတွေ ရှိနေကြသလို အချို့ကတော့ ဗန်ဒိုက်က မှန်မှန်ကန်ကန် ကာကွယ်ခဲ့ပြီး ဂိုးသမားက လိုအပ်ချက်ရှိတာလို့ တန်ပြန် ထောက်ပြနေကြပါတယ်။

မနှစ်ကရာသီ ဒဏ်ရာ အခြေအနေကနေ ဖောက်ထွက်ပြီး ဘောလုံး ပြန်ကစားနိုင်ခြင်းအတွက် ဝမ်းသာ ပျော်ရွှင်မိတယ်လို့ ဒီယက်ဇ်က ထုတ်ပြောလာပါတယ်။ သူဟာ ကိုလံဘီယာက အီရတ်အသင်းကို ၁-၀ အနိုင်ရတဲ့ပွဲမှာ အသင်းခေါင်းဆောင် တာဝန်ကို ရယူသွားပါတယ်။

အသင်းဘက်က ကာလရှည် စာချုပ်ပေးခဲ့တာအတွက် ကျေးဇူးတင်စကားကို ဂျိုတာက ပြောလာပါတယ်။ အနာဂတ် တည်ငြိမ်ခြင်းဟာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ အာရုံ စူးစိုက်မှုအပေါ် သက်ရောက်မှုရှိမယ်လို့ ဂျိုတာက မြင်ပါတယ်။

ဒဏ်ရာကြောင့် ၁၆ လကြာ အနားယူခဲ့ရတဲ့ လူငယ်တိုက်စစ်သမား ဂေါ်ဒန်ဟာ ဒီနွေကစလို့ ဘောလုံးပြန်ကစားနိုင်ဖွယ် ရှိနေကာ ယူ-၂၁ အသင်းမှာ စတင် ပွဲကစားချိန် ရယူသွားဖွယ် ရှိပါတယ်။

ခံစစ်မှူး ဗန်ဒီဗန်က ဒီနွေမှာ ဝုဒ်ဘတ်ကနေ ထွက်ခွာလိုပေမယ့်လို့ ဘွန်ဒက်လီဂါကလပ်ကတော့ စာချုပ်ပါကြေး မပါတဲ့ ကစားသမားကို ရောင်းချလိုခြင်း မရှိပါဘူး။

ဘယ်အစွန်လူဟောင်း အန်းနရစ်က ဒီနွေမှာ သီယေဂိုကို ရောင်းချကာ ပိုပြီး သင့်လျော်အံဝင်မယ့် ကွင်းလယ်လူသစ် ခေါ်ယူဖို့ ယာဂင်ကလော့ပ်ကို အကြံပေးပါတယ်။ သီယေဂိုရဲ့ စာချုပ်ဟာ ၁ နှစ်ပဲ ကျန်ရှိပြီး လီဗာပူးဘက်က သက်တမ်းတိုးတော့မှာ မဟုတ်ပါဘူး။

ရာသီကြိုမှာ ဘာ့ဆီတစ်ကို နေရာပေးဦးမယ့် နည်းပြအဖွဲ့ဟာ စပိန်သားရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာမှုကို အလိုရှိနေပါတယ်။ အသင်းဟာ တိုက်စစ်သမား ဗန်ဒုတ်ကိုလည်း အခွင့်အရေး ပေးမှာပါ။