

ယူရို ခြေစစ်ပွဲဖြစ်တဲ့ အင်္ဂလန် ၇-၀ မြောက်မက်ဆီဒိုးနီးယား ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် ပွဲထွက်ခဲ့တဲ့ ဟန်ဒါဆန်နဲ့ ထရန့်တို့ဟာ ကိုယ်စီ ဂိုးထောက်ပံ့မှု ၁ ကြိမ်စီ ရခဲ့ကြပါတယ်။
စတီဗင်ဂျရတ်က ထရန့်ဟာ သူ့နောက်မှာ ညာအစွန်လူ တစ်ဦးရှိတဲ့ စနစ်နဲ့ ကစားရင် ပိုပြီး ခြေစွမ်းပြနိုင်တယ်လို့ မှတ်ချက်ပေးပြီး ကြယ်ပွင့်လေးကို ကွင်းလယ်မှာ ဆက်ထားဖို့ကို ထောက်ခံခဲ့ပါတယ်။
အင်္ဂလန်သတင်းဌာန ဒေးလီးမေလ်းက မန်စီးတီးကနေ ထွက်လိုနေတဲ့ ဝေါ်ကာကို ခေါ်ယူဖို့ လီဗာပူးဘက်က စိတ်ဝင်စားတယ်လို့ ဖွလာပါတယ်။ နှစ်သင်းရဲ့ ပြိုင်ဆိုင်မှု အခြေအနေအရ ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့ဟာ မဖြစ်နိုင်သလောက်ပဲလို့ လီဗာပူး သတင်းထောက်တွေက တုန့်ပြန်ပါတယ်။
စတီဗင်ဂျရတ်က သူဟာ ဆော်ဒီကလပ်ဘက်က ကမ်းလှမ်းလာမှုကြောင့် အာရှကို ခရီးထွက်လာခဲ့ခြင်းဖြစ်ကာ အနာဂတ်အတွက် စဉ်းစားဆဲဖြစ်ပြီး ဆော်ဒီကလပ်ရဲ့ မန်နေဂျာရာထူးကို ရယူဖို့ ဆုံးဖြတ်လိုက်ခြင်း မရှိသေးပါဘူးလို့ ထုတ်ပြောလာပါတယ်။
လီဗာပူးအသင်းဟာ ကွင်းလယ်လူ ၂ ဦးလောက်ကို ခေါ်ယူနိုင်နေဆဲဖြစ်ပြီး ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲကနေ ကြယ်ပွင့်တစ်ဦးကို လက်မှတ်ထိုးဖို့ စောင့်ကြည့်မှာ ဖြစ်ပါတယ်။
သီယေဂိုကို ဆော်ဒီလိဂ်ဘက်က ချိတ်ဆက်မှု ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး စပိန်သားကို လက်လွတ်ရရင် လီဗာပူးဘက်က အင်တာမီလန် ကွင်းလယ်လူ ဘာရယ်လာအတွက် အားထုတ်မှုကို အရှိန်မြင့်နိုင်ပါတယ်။
လီဗာပူးအသင်းဟာ ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါကို ခေါ်ယူရေး နောက်ကျ မနေသေးဘဲ အင်္ဂလန်ထိပ်သီးတွေနဲ့ ပြိုင်ဆိုင်ပြီး စာချုပ်ပါကြေး ပေါင် ၃၄ သန်း ပေးချေကာ ခေါ်ယူနိုင်ပါတယ်။
တယ်လီဂရပ်ရဲ့ ဖော်ပြလာမှုအရ ကွင်းလယ်လူ မေဆန်မောင့်က မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းဖို့ ရွေးချယ်ခြင်းဟာ ချန်ပီယံလိဂ် ကစားခွင့်ကြောင့် ဖြစ်သလို မန်ချက်စတာကလပ်မှာ သူဟာ မရှိမဖြစ် ကစားသမားအဖြစ် ပါဝင်ခွင့်ရမယ်လို့ ယုံကြည်နေခြင်းကြောင့်လို့ သိရပါတယ်။