ကိုလံဘီယာက ဂျာမနီကို ၂-၀ ဖြင့် အနိုင်ရတဲ့ ချစ်ကြည်ရေး ပွဲစဉ်မှာ လူးဝစ် ဒီယက်ဇ်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ကွင်းလယ်လူတွေဖြစ်တဲ့ ဟာဗေးနဲ့ ဘာ့ဆီတစ်တို့ဟာ 2023 Golden Boy ဆုအတွက် ဆန်ကာတင် ၁၀၀ စာရင်းထဲ ပါဝင်လာခဲ့ကြပါတယ်။
ဝုဒ်ဘတ်အသင်းဟာ သူတို့ ခံစစ်မှူး ဗန်ဒီဗန်အတွက် ပေါင် ၂၅ သန်းထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးရမှာ ရောင်းထုတ်မှာဖြစ်ပါတယ်။
ဘာရယ်လာအတွက် လီဗာပူးဘက်က ပေါင် သန်း ၅၀ ထက် ပိုမပေးလိုပေမယ့် အင်တာမီလန်ဘက်က တောင်းဆိုစျေးကတော့ ပေါင် သန်း ၈၀ ဖြစ်တာမို့ နှစ်သင်းကြား ညိနှိုင်းရမယ့် ပမာဏက အရမ်း ကွာဟနေပါတယ်။
ဂမ်ဘီယာ ယူ-၂၀ အသင်း တိုက်စစ်သမား အဒါမာ ဘိုဂျေကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ လီဗာပူး ပါဝင်လာပါတယ်။ သူဟာ ယူ-၂၀ ကမ္ဘာ့ဖလားမှာ ခြေစွမ်း တောက်ပခဲ့သူ ဖြစ်ပါတယ်။
ဒီကလန်ရိုက်စ်ကို လက်လွတ်ရမှာမို့ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ချိတ်ဆက်မှု လုပ်နေတဲ့ ဝက်စ်ဟမ်းဟာ အသက် ၂၇ နှစ်အရွယ် ကစားသမားအတွက် သန်း ၉၀ ပေးရမယ်လို့ ဖူလ်ဟမ်ထံက အကြောင်းပြန်မှု ရခဲ့ပါတယ်။ နည်းပြကလော့ပ်ဟာ ပါလင်ညာကို အတော်လေး သဘောကျပေမယ့် ချိတ်ဆက်မှု မရှိထားပါဘူး။
ဂရာဗင်ဘက်ချ်က ဒီနွေမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလိုကြောင်း သူ့ရဲ့ သဘောထားကို အသင်းဖော်တွေထံ ထုတ်ပြောထားတယ်လို့ သိရပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးဘက်က အားစိုက်လာနိုင်ပါတယ်။
ဗီဂါကို ခေါ်ယူရေးမှာ လီဗာပူးက ရှေ့ရောက်နေတယ်ဆိုပေမယ့် ချယ်ဆီးနည်းပြ ပိုချက်တီနိုကလည်း စပိန်သားကို စိတ်ဝင်စားနေတာမို့ ဘယ်အသင်းထံ ရောက်မလဲ မသိနိုင်သေးပါဘူး။
နည်းပြကလော့ပ်က ကလယ်ဟာကို ဆက်ထိန်းလိုပေမယ့် လန်ဒန်ကလပ်တွေက အသက် ၂၄ နှစ်အရွယ် ဂိုးသမားကို နောက်ကွယ်မှာ ချိတ်ဆက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လမှာတော့ အန်ဖီးကွင်းမှာ Taylor Swift ရဲ့ ၂ ရက်သာ ဖျော်ဖြေပွဲ ရှိမယ်လို့ လီဗာပူးအသင်းဘက်က ကြေညာပါတယ်။