လူမှုကွန်ယက်မှာ လီဗာပူးအသင်းရဲ့ ကွင်းတိုးချဲ့မှုဟာ ၁ လဝန်းကျင် နှောင့်နှေးနေကာ ဒီရာသီ အိမ်ကွင်းအဖွင့်ပွဲကို ထပ်မံ နောက်ဆုတ်မှာဖြစ်ကြောင်း သတင်းထွက်နေပါတယ်။
ဒါပေမယ့်လို့ လီဗာပူးအသင်းနဲ့ နီးစပ်သူတွေက အထက်ပါ သတင်းကို ငြင်းဆန်ခဲ့ကာ Anfield Road Stand တိုးချဲ့မှုဟာ အစီအစဉ်အတိုင်း အလုပ်ဖြစ်နေကြောင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ဖြစ်တဲ့ ဘုန်းမောက်ကို ရင်ဆိုင်ရမယ့်ပွဲမှာ ကွင်းဖွင့်ပွဲ ပြုလုပ်နိုင်မယ်လို့ ဆိုလာခဲ့ပါတယ်။
Anfield Road ပွဲကြည့်စင်ဟာ အထက်ပိုင်းနဲ့ အောင်ပိုင်း နှစ်ခု ပါဝင်မှာပါ။ အထက်ပိုင်းအတွက် နေရာချမှုတွေအားလုံး ပြီးစီးခဲ့ပြီဖြစ်ကာ အမိုးဟောင်းနဲ့ အထက်ပွဲကြည့်စင် အဟောင်းကို လုံးဝ ဖယ်ရှားထားခဲ့ပြီ ဖြစ်ပါတယ်။
ဒရုန်းရိုက်ချက်တွေအရတော့ ပွဲကြည့်စင်သစ်က ရုပ်လုံးပေါ်လာပေမယ့် အပြီးသတ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေတာပဲ ဖြစ်ပါတယ်။ ရာသီသစ် စတင်ဖို့ကတော့ ၂ လလောက်ပဲ လိုတာမို့ စိတ်ပူသံတွေ ထွက်ပေါ်လာနေခဲ့ပါတယ်။
Anfield Road ပွဲကြည့်စင်သစ်နဲ့ ပတ်သက်လို့ အဓိက အချက်တွေကို ဖော်ပြသွားပါမယ်။
- ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ စသုံးနိုင်ပါမယ်။
- အန်ဖီးကွင်း စုစုပေါင်း ဝင်ဆံ့မှုက ၆၁၀၁၅ ဖြစ်ပါမယ်။
- ယခင် ဝင်ဆံ့မှုက ၅၄၀၀၀ ဖြစ်ပါတယ်။
- ပွဲကြည့်စင်သစ်ဟာ ပရိသတ် ၁၅၉၆၇ လက်ခံနိုင်ပါမယ်။
- အောက်ပိုင်း ပွဲကြည့်စင်က ယခင်အတိုင်းပဲ ဖြစ်ပေမယ့် The Main Stand နဲ့ ကပ်လျက်နေရာကို ပြုပြင်လိုက်မှာမို့ လူပိုမို ဝင်ဆံ့လာပါမယ်။
- စုစုပေါင်း တည်ဆောက်စရိတ်က ပေါင် သန်း ၈၀ ဖြစ်ပါတယ်။
- အန်ဖီးကွင်းရဲ့ တစ်ရာသီ ကွင်းဝင်ကြေးဟာ ပေါင် သန်း ၈၀ အထက်ကို ရောက်ရှိသွားပါမယ်။