

လီဗာပူးအသင်းဟာ ဒီနွေမှာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူမှာ ၁၀၀% သေချာပါတယ်လို့ ယုံကြည်ရလောက်တဲ့ သတင်းထောက်က ဆိုလာသလို များစွာသော ဖော်ပြမှုတွေမှာပါ ပါဝင်လာပါတယ်။
ယာဂင်ကလော့ပ်ဟာ စနစ်သစ်ကို ပြောင်းလဲကစားမယ့် အခြေအနေအတွက် ကွင်းလယ် အင်အားပြန်ဖြည့်မှု လုပ်နေရင်းမှာပဲ ခံစစ်မှူးသစ် တစ်ဦးကို တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ ၃-၄-၃ ပုံစံ စနစ်သစ်မှာတော့ ဘယ်ခြမ်း ခံစစ်မှူး တစ်ဦး လိုအပ်နေတာပါ။
လက်ရှိ ကစားသမားတွေထဲကဆိုရင် ဂိုးမက်စ်ကို ဘယ်ခြမ်း ဗဟိုခံစစ်မှူးနေရာ သုံးဖို့အား ရွေးချယ်စရာ တစ်ခုအဖြစ် လီဗာပူးနည်းပြတွေ မြင်ထားတယ်လို့ သိရတယ်။ သတင်းထောက် David Lynch ကတော့ ဘယ်ခြမ်း ခံစစ်မှူးတစ်ဦး ရောက်လာဦးမယ့် အကြောင်းကို ဖော်ထုတ်လာခဲ့ပါတယ်။
ဒီအခြေအနေမှာ ဘယ်ကစားသမားကို လီဗာပူးဘက်က ဦးစားပေးမယ် မသိရသေးပေမယ့် သတင်းတွေ ထွက်ထားသလို ဗန်ဒီဗန်ဟာ အသင်းရဲ့ ပစ်မှတ်တွေထဲ ပါဝင်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် ခံစစ်သမားအဖြစ် စပို့တင်းမှ အန်နာဆီယိုကလည်း လီဗာပူး စောင့်ကြည့်နေသူပါ။
ဒါပေမယ့် လီဗာပူးရဲ့ စာရင်းထဲမှာ သူတို့ နှစ်ဦးတင် မဟုတ်ဘဲ အလားအလာရှိ ခံစစ်မှူး အတော်များများလည်း ထပ်ပါလာနေပါတယ်။ ကစားသမား အားလုံးနီးပါးက ငယ်ရွယ်ပြီး ဘယ်ခြမ်းပိုင်းမှာ ကစားကြသူတွေ ဖြစ်ပါတယ်။
လက်ရှိ ခံစစ်သမားတွေထဲမှာတော့ မာတစ်က ၂၀၂၄ မှာ စာချုပ်ကုန်မှာဖြစ်ကာ အသင်းဘက်က သူ့ကို သက်တမ်းတိုးမှာ မဟုတ်ပါဘူး။ နက်ဖီးလစ်၊ ရွိုင်းဝီလီယမ်နဲ့ ဗန်ဒန်ဘတ်တို့ကလည်း ဒီနွေမှာ ရောင်းချခံရမှာပဲ ဖြစ်ပါတယ်။