ကာတစ်ဂျုံး ပွဲထွက်ခြင်း၊ ဖီနာဘာချီ ကြယ်ပွင့်အတွက် ရီးရဲလ်နဲ့ ပြိုင်ဆိုင်ရဖွယ် ရှိခြင်း၊ ဆာလာကို ၂၀၂၅ နောက်ပိုင်းမှ ခေါ်ယူဖို့ ရှိခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

တိုက်စစ်သမား ကာဗာရိုဟာ ဒီနွေမှာ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းထံ အငှားထွက်မှာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့မှာ လိုက်ဇစ်ဘက်က အပြီးသတ် ဝယ်ယူခွင့် ပါဝင်ခြင်း မရှိသေးပါဘူး။

အင်္ဂလန် ယူ-၂၁ က ချက် ယူ-၂၁ အသင်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံး၊ ဂျာရိုစ့်တို့ ပွဲထွက်ခဲ့ပါတယ်။ ချက်ဂိုးသမား ဂျာရိုစ့်ဟာ မနှစ်ကရာသီ လိဂ်တူးကို အငှားထွက်ကစားနေခဲ့သူဖြစ်ပါတယ်။ ပွဲချိန် ၈၈ မိနစ်မှာတော့ ဟာဗေး လူစားဝင် ကစားခဲ့ပါတယ်။

ယာဂင်ကလော့ပ်က လီဗာပူးနဲ့ ကာလရှည် စာချုပ်ရှိနေသူဖြစ်ကာ ဂျာမာန်လက်ရွေးစင် နည်းပြရာထူးကို ရယူသွားမှာ မဟုတ်ပါဘူးလို့ သူ့ရဲ့ အေးဂျင့် Marc Kosicke က ထုတ်ပြောလာပါတယ်။

ဆော်ဒီဘက်က ပရီးမီးယားလိဂ် ကြယ်ပွင့်တွေကို ဆက်တိုက် ခေါ်ယူနေခြင်းကို စုံစမ်းမှု လုပ်ဖို့ ကာရေဂါက ယူအီးအက်ဖ်အေနဲ့ အင်္ဂလန်လိဂ် တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ သတင်းတွေအရ ဆော်ဒီအဖွဲ့ဟာ နယူးကာဆယ်၊ ချယ်ဆီးနဲ့ ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် ၄ သင်းလောက်မှာ အဓိက ရှယ်ယာရှင် ဖြစ်နေပါတယ်။

လီဗာပူးအသင်းဟာ တူဟမ်နဲ့ ပုဂ္ဂိုလ်ရေး စကားပြောထားပြီးဖြစ်ကာ Nice အသင်းနဲ့တော့ ယူရိုပြိုင်ပွဲ အပြီးမှ ညိနှိုင်းမှု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ဆော်ဒီဘက်က ဆာလာကို အနာဂတ်မှာ ခေါ်ယူသွားဖို့ ပလန်ရှိပေမယ့် လီဗာပူးနဲ့ စာချုပ်ကုန်ပြီးချိန် ၂၀၂၅ နောက်ပိုင်း မှ ဖြစ်လိမ့်မယ်လို့ အာရပ်သတင်းတွေက ဆိုပါတယ်။

လန်ဒန်ကလပ် အများအပြားက ကလယ်ဟာကို အလိုရှိခဲ့ပေမယ့် ၎င်းတို့ဟာ အခြားသော ဂိုးသမားတွေကို ပစ်မှတ်ထား ကမ်းလှမ်းနေကြပြီဖြစ်လို့ လာမယ့်ရာသီအတွက် လီဗာပူးမှာပဲ ကလယ်ဟာ ဆက်ရှိနေပါလိမ့်မယ်။

စပိန်သတင်းဌာန AS က ဖီနာဘာချီကြယ်ပွင့် Arda Guler ကို ယူရို ၁၅ သန်းဖြင့် ခေါ်ယူရေး မက်ဒရစ်ဘက်က ချိန်ရွယ်နေပေမယ့်လို့ လီဗာပူးကလည်း ပြိုင်ဆိုင်မှုမှာ ပါဝင်လာလိမ့်မယ်လို့ ဖော်ပြလာပါတယ်။

ဆယ်တာဗီဂို ကွင်းလယ်လူ ဗီဂါအတွက် လီဗာပူးအသင်းဟာ တစ်ပတ် ပေါင် ၈၀၀၀၀ ပေးမယ့် လုပ်ခနဲ့အတူ သဘောတူညီမှု ရထားပါကြောင်း အသံထွက်လာပါတယ်။