

ဒီနွေမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာဖို့ စဉ်းစားထားတဲ့ ပါဗက်အတွက် ကစားသမားရဲ့ အေးဂျင့်က ဥရောပကလပ် ၄ သင်းထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။
ပြင်သစ်သားရဲ့ အေးဂျင့်က လီဗာပူး၊ မန်ချက်စတာ စီးတီး၊ ချယ်ဆီးနဲ့ ဘာစီလိုနာတို့ဖြင့် စကားပြောခဲ့ကာ ကစားသမားကို အလိုရှိရင် ခေါ်နိုင်ကြောင်း ကမ်းလှမ်းခဲ့တာပါ။ မာဆေးဆိုဒ် ကလပ်ရဲ့ တာဝန်ရှိသူတွေဖြင့် ညိနှိုင်းမှု အချို့ရှိခဲ့ပေမယ့် ရှေ့ဆက်ဖို့ မအောင်မြင်ခဲ့တာလို့ ယုံကြည်ရပါတယ်။
ဒီကိစ္စအကြောင်း ဂျာမာန်သတင်းထောက် Christian Falk က ပြောရာမှာ “ လီဗာပူးနဲ့ ပါဗက်ရဲ့ ကိုယ်စားလှယ်တို့ စကားပြောခဲ့ကြပေမယ့် တိကျရေရာတဲ့ ပြောဆိုမှု အဆင့်ထိ မရောက်ခဲ့ပါဘူး။ အခြားသော ကလပ်တွေနဲ့လည်း တူညီတဲ့ အခြေအနေမျိုးလောက်ပဲ ရှိခဲ့ပါတယ်။
ပါဗက်ကို စိတ်ဝင်စားတဲ့ ကလပ် များများစားစား မရှိပါဘူး။ ဘာကာရှိတယ်၊ နောက် လီဗာပူးရှိခဲ့တယ်။ ချယ်ဆီးနဲ့ မန်စီးတီးကလည်း စားပွဲဝိုင်း ထိုင်ပြီး စကားပြောခဲ့ကြပါတယ် ” လို့ ဆိုခဲ့တာပါ။
ကလော့ပ်က ထရန့်ကို ကွင်းလယ်ပို့ဖို့ ရည်ရွယ်နေပေမယ့် အမြဲတမ်း ကွင်းလယ်လူထက် ညာအစွန်နဲ့ နံပါတ် ၆ နေရာကို တွဲကစားခွင့်ပေးဖို့ မျှော်လင့်ထားဟန် ရှိပါတယ်။ ထရန့် ကွင်းလယ် တက်သွားရင် ခံစစ် ၃ ယောက်တန်းပုံစံ ဖန်တီးဖို့ ဘယ်ခြမ်း ခံစစ်မှူးကို ပိုမို အာရုံစိုက် ရှာဖွေနေတာ ဖြစ်ပါတယ်။