မန်စီးတီးကို ချီးကျူးတဲ့ ရိုဘို၊ ဖီယင်နုကြယ်ပွင့်ကို လက်နှေးခဲ့ခြင်း၊ သီယေဂိုအကြောင်း ပြောတဲ့ တိုနယ်လီ၊ ကွင်းလယ်အတွက် စျေးဆစ်လွန်းနေခြင်းနဲ့ လီဗာပူး နံနက်ခင်း သတင်းများ

နည်းပြကလော့ပ်က ရီးရဲလ်ကွင်းလယ်လူ ချူအာမီနီကို ဒီနွေမှာ ထပ်မံ ကမ်းလှမ်းဖို့ ခွင့်ပြုခဲ့ပေမယ့် လီဗာပူးဘက်က ယူရို ၅၅ သန်းပဲ ပေးခဲ့တာဖြစ်ပြီး လာလီဂါကလပ် လိုချင်တဲ့ ပမာဏထက် နည်းပါးခဲ့တာ ဖြစ်ပါတယ်။

နယူးကာဆယ် ကစားသမားသစ် ဖြစ်လာမယ့် အေစီမီလန်ကွင်းလယ်လူ တိုနယ်လီက သူဟာ သီယေဂိုရဲ့ ကစားဟန်ကို အားကျ အတုယူခဲ့တာပါလို့ ထုတ်ပြောပါတယ်။

လီဗာပူးနည်းပြဟောင်း ရာဖာ ဘင်နီတက်စ်ဟာ လာလီဂါကလပ် ဆယ်တာဗီဂိုအသင်း နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်ခံရပါတယ်။

မန်စီးတီးဟာ ဖလား ၃ လုံး ချန်ပီယံဘွဲ့ကို ထိုက်တန်စွာ ရရှိခဲ့တဲ့အသင်းဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံး အသင်းပါလို့ ရိုဘိုက ချီးကျူးပါတယ်။ လာမယ့်ရာသီ လီဗာပူးနဲ့အတူ သူတို့အသင်းကို ပြန်ပြီး စိန်ခေါ်နိုင်ဖို့ ကြိုးစားမယ်လို့လည်း ပြောဆိုပါတယ်။

ပြင်သစ် ယူ-၂၁ ကွင်းလယ်လူ သူရမ်ကို ခေါ်ယူဖို့ ရေပန်းစားပေမယ့် ယူရို ပြိုင်ပွဲ ခြေစွမ်းအရ မန်နူကူနေးရဲ့ ခြေစွမ်းခြေစက လီဗာပူးပရိသတ်တွေရဲ့ အာရုံကို ပိုဆွဲဆောင်ခဲ့ပါတယ်။

လိုက်ဇစ်ထံ အငှားထွက်မယ့် ကာဗာရိုက သူဟာ အနာဂတ်မှာ လီဗာပူးအသင်းအတွက် ကစားပေးဖို့ ထိုက်တန်သူဖြစ်ကြောင်း သက်သေပြလိုစိတ် ပြင်းထန်နေပါတယ်။

ဘိုင်ယန်ညာအစွန်လူ ပါဗက်ရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားကို ခေါ်ယူနိုင်ကြောင်း ဘာစီလိုနာ၊ လီဗာပူးတို့နဲ့ ဆွေးနွေးခဲ့ပေမယ့် တိုးတက်တဲ့ အဆင့်ထံ ရောက်မလာခဲ့ပါဘူး။

လီဗာပူးအသင်းဟာ ဆယ်တာမှ ဗီဂါကို သဘောကျပေမယ့် သူ့ရဲ့ စာချုပ်ပါကြေး ယူရို သန်း ၄၀ ကို ပေးလိုစိတ် မရှိပါဘူး။

ကယ်လစ္စတာကို ခေါ်ယူရေး အပြီးသတ်နေချိန်မှာ အပြောင်းအရွှေ့ ကိစ္စ စောင့်ဆိုင်းပေးဖို့ ဖီယင်နုအသင်းရဲ့ အသင်းခေါင်းဆောင် Orkun Kokcu ကို ပြောခဲ့ပေမယ့် ဆက်ပြီး ကမ်းလှမ်းမှု မလုပ်ခဲ့သလို ကစားသမားက ဘင်ဖီကာထံ ရောက်ရှိခဲ့ပါတယ်။

တိုက်စစ်မှူး ဂက်ပိုဟာ ဒီနွေမှာတော့ အပန်းဖြေခရီးတွေ မထွက်ဘဲ ဖခင်ဖြစ်သူရဲ့ ဇာတိနိုင်ငံ Togo ထံ သွားကာ ဒေသခံ ကလေးတွေနဲ့ တွေ့ဆုံပြီး လက်ဆောင်ပေးခြင်း၊ အဟာရတွေကြွေးခြင်းဖြင့် အချိန်ကုန်ဆုံးနေပါတယ်။