

အင်္ဂလန် ယူ-၂၁ က အစ္စရေး ယူ-၂၁ အသင်းကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကာတစ်ဂျုံးက ၂ ပွဲဆက် ပွဲထွက်ခွင့်ရခဲ့ပါတယ်။ နောက်ထပ် ကွင်းလယ်လူဖြစ်တဲ့ ဟာဗေးကတော့ မိနစ် ၇၀ မှာ လူစားဝင် ကစားသွားပါတယ်။
ကာတစ်ဂျုံးက သူဟာ လူငယ်ကြယ်ပွင့် မဟုတ်တော့ဘဲ စစ်မှန်တဲ့ စီနီယာတစ်ဦး ဆိုတာကို သက်သေပြဖို့ အင်္ဂလန် ယူ-၂၁ အသင်းမှာ ကြိုးစားနေပါတယ်။ သူဟာ ပြိုင်ပွဲအတွင်း အင်္ဂလန်တစ်သင်းလုံး ဘောလုံးပေးမှုရဲ့ ၁၇% ထိကို တာဝန်ယူထားခဲ့ပါတယ်။
ဖာမင်နိုဟာ ဆော်ဒီကလပ် Al Ahli အသင်းထံ ပြောင်းဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရလုနီးပါး ဖြစ်နေကာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချပေးဖို့ပဲ ကျန်ပါတော့တယ်။
လီဗာပူးအသင်းဟာ ဘာရယ်လာရဲ့ အခြေအနေကို ဆက်တိုက် ခြေရာခံနေရာမှာ ကွင်းလယ်လူဟာ အင်တာမီလန်မှာ ဆက်နေဖို့ကို ပျော်ရွှင်နေကြောင်း နားလည်ထားတယ်။ သူ့ရဲ့ စာချုပ်မှာ စာချုပ်ပါ ပြောင်းရွှေ့ကြေး မပါဝင်တာက အပြောင်းအရွှေ့ ပြီးမြောက်ဖို့ ခက်ခဲလွန်းနိုင်တာကို လီဗာပူးဘက်က နားလည်ထားပါကြောင်း သတင်းထောက် ရိုမန်နိုက ပြောလာပါတယ်။
ဆော်ဒီဘက်က ဆာလာကို ချဉ်းကပ်မှု တစ်ခု ပြုလုပ်ခဲ့ဖွယ် ရှိပြီး တိုက်စစ်သမားက လီဗာပူးမှာပဲ ဆက်နေလိုတာမို့ ချက်ခြင်း ပယ်ချခဲ့ပါတယ်။
ဘယ်ခြမ်း ဗဟိုခံစစ်မှူးသစ် ခေါ်ယူဖို့ လီဗာပူးဘက်က ရည်ရွယ်ထားပေမယ့် ရုပ်ပိုင်းဆိုင်ရာ အားကောင်းတဲ့ ကွင်းလယ်လူ နောက်တစ်ဦး ရပြီးမှ ခံစစ်ဘက်ကို ဦးလှည့်မှာ ဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ မနှစ်ကရာသီ လီဗာပူးအသင်းမှာ တစ်ရာသီ အငှားလာကစားခဲ့တဲ့ အာသာကို ဂျူဗင်တပ်ကနေ ခေါ်ယူဖို့အတွက် ကြိုးစားနေပါတယ်။
ဒါဝင် နူညက်ဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ်မှာ ပဉ္စမမြောက် အမြန်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ပါတယ်။ သူ့ရဲ့ မြန်နှုန်းကတော့ တစ်နာရီကို 36.53 ကီလိုမီတာ နှုန်းဖြစ်ပါတယ်။
ထရန့် ဘယ်လောက်ကောင်းလဲ သိလိုရင် မနက်ဖြန်မှာ အရောင်းစာရင်း တင်ကြည့်လိုက်ပါလို့ ရော်ဘီ ဖောင်လာက မှတ်ချက်ပေးလိုက်ပါတယ်။ ထိပ်သီးတိုင်း သူ့အတွက် အပြိုင် ကမ်းလှမ်းမှု ဝင်လာပါလိမ့်မယ်လို့ ဖောင်လာက ဆိုပါတယ်။
လာမယ့်ရာသီမှာ လီဗာပူးအသင်းဟာ ဗြိတိန်စံတော်ချိန် နေ့ခင်း ၁၂ နာရီခွဲပွဲတွေ မရှိသလောက် နည်းပါးပါလိမ့်မယ်။ ကလော့ပ်က အဲ့အချိန်မှာ ကန်ရတဲ့ ပွဲတွေကို အတော်လေး မုန်းတီးသူဖြစ်ပြီး မနှစ်ကဆိုရင် ၆ ပွဲထိ ၁၂ နာရီခွဲမှာ ကစားခဲ့ရကာ နိုင်ပွဲ လုံးဝ မရှိခဲ့ပါဘူး။