ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမား (၁၀) ဦးစာရင်းထဲ ပါဝင်သွားတဲ့ ဒါဝင် နူညက်

မနှစ်ကနွေမှာ လီဗာပူးအသင်းကို ပေါင် ၆၇ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ဥရုဂွေး တိုက်စစ်မှူး ဒါဝင်အတွက် ပွဲထွက် ၁၁ ဦးစာရင်းမှာ ပါဝင်ဖို့ ပိုခက်ခဲလာတော့မယ့် ရာသီသစ်က စောင့်ကြိုနေပါတယ်။

မနှစ်ကရာသီ ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ကိုယ်တိုင် ၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ် လုပ်ခဲ့တဲ့ ဒါဝင်ဟာ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမား ၁၀ ဦးစာရင်းထဲလည်း ပါဝင်နိုင်ခဲ့တယ်။

ဒီနွေမှာ အသက် ၂၄ နှစ်ပြည့်သွားတဲ့ တိုက်စစ်မှူး ဒါဝင်ဟာ လိဂ်ရဲ့ အမြန်ဆုံး စံချိန်ကိုတောင် ရခဲ့သေးပေမယ့် အခြားသူတွေကလည်း မှတ်တမ်းသစ်တွေရတာမို့ ရာသီအကုန်မှာတော့ နံပါတ် ၅ နေရာက ရပ်တည်သွားတာ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်မှာ ဒါဝင်ထက် ပိုမြန်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေက မန်စီးတီးမှ ဝေါ်ကာ၊ နော်တင်ဟမ် ဖောရက်စ်မှ ဘရန်နာဂျွန်ဆင်၊ ချယ်ဆီးမှ မူဒရစ်နဲ့ အဲဗာတန်မှ အန်တိုနီ ဂေါ်ဒန်တို့နောက် အမြန်ဆုံး ပရီးမီးယားလိဂ် ကစားသမား ဖြစ်ပါတယ်။

ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ဒါဝင်နဲ့အတူ စပါးမှ ဒမ်ဂျူမာ၊ ဝုဗ်မှ မက်သရုစ်နူးနက်၊ မန်စီးတီးမှ ဟာလန်း၊ ချယ်ဆီးမှ ရှာခါရီယာ၊ အာဆင်နယ်မှ နယ်ဆန်တို့လည်း ပါဝင်ခဲ့ပါတယ်။

နည်းပြကလော့ပ်ဟာ လာမယ့်ရာသီမှာ တိုက်စစ်အတွက် ဆာလာ၊ ဒါဝင်၊ ဂက်ပို၊ ဒီယက်စ်၊ ဂျိုတာတို့ ၅ ဦးကို ရွေးချယ်ခွင့်ရှိထားပါတယ်။ မြန်နှုန်းကောင်းတဲ့ ဒါဝင်ကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ အတွင်းထံ ပြေးဝင်စေတဲ့ နေရာ ဒါမှမဟုတ် ဆာလာနဲ့ နံပါတ် ၉ နှစ်ဦး ပုံစံတွေမှာ အသုံးပြုဖွယ်ရှိပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ အမြန်ဆုံး ကစားသမား (၁၀) ဦး

  • ဝေါ်ကာ (မန်စီးတီး) – 37.31km/h
  • ဘရန်နာဂျွန်ဆင် (နော်တင်ဟမ် ဖောရက်စ်) – 36.70km/h
  • မူဒရစ် (ချယ်ဆီး) – 36.63km/h
  • အန်တိုနီ ဂေါ်ဒန် (အဲဗာတန်) – 36.61km/h
  • ဒါဝင်နူညက် (လီဗာပူး) – 36.53km/h
  • ဒမ်ဂျူမာ (စပါး) – 36.34km/h
  • မက်သရုစ်နူးနက် (ဝုဗ်) – 36.32km/h
  • ဟာလန်း (မန်စီးတီး) – 36.22km/h
  • ရှာခါရီယာ (ချယ်ဆီး) – 36.09km/h
  • နယ်ဆန် (အာဆင်နယ်) – 36.07km/h