

အာဆင်နယ် ကစားသမား ဟိုးဒင်းက အင်္ဂလန်မှာ အကောင်းဆုံး ပရိသတ် အသိုင်းအဝိုင်းရှိတဲ့ ကလပ်အဖြစ် လီဗာပူးကို ရွေးချယ်ခဲ့ပါတယ်။ သူကတော့ အန်ဖီး ပရိသတ်တွေဟာ ကလပ်ရဲ့ ရလဒ်အပေါ် သက်ရောက်မှုရှိစေသူတွေလို့ မှတ်ချက်ပေးပါတယ်။
ဘွန်ဒက်လီဂါ ပရိသတ် ၄၁% ရဲ့ မဲပေးမှုအရ မနှစ်ကရာသီ စိတ်ပျက်စရာ အကောင်းဆုံး ကစားသမားက ဘိုင်ယန်မြူးနစ်မှ ဆာဒီယို မာနေးဖြစ်နေပါတယ်။
ခံစစ်မှူး ရွိုင်းဝီလီယမ်ဟာ ဒီနွေမှာ အငှားထွက်ဦးမှာဖြစ်ပြီး စကော့တလန်ကလပ် အဘာဒင်အသင်းက သူ့ကို ခေါ်ယူနိုင်မယ် ရေပန်းစားနေပါတယ်။
လီဂူးဝမ်းကလပ် Nice အသင်းက သူတို့ ကွင်းလယ်လူ သူရမ်ကို ပြင်သစ်လိဂ်မှာ တစ်ရာသီ ဆက်ထိန်းထားလိုနေဆဲ ဖြစ်ပါတယ်။
ကိုနတေးရဲ့ ကြံ့ခိုင်မှုပိုင်း မှတ်တမ်းကြောင့် ဒီနွေမှာ ဗဟိုခံစစ်မှူးသစ် ရရှိရေးဟာ ကလော့ပ်နဲ့ နည်းပြအဖွဲ့ရဲ့ ဦးစားပေးဖြစ်ကြောင်း ဂျိမ်းပီယာဇ့်က ထုတ်ပြောလာပါတယ်။
ဆောက်သမ်တန်မှ ရိုမီယို လာဗီယာကို ခေါ်ယူရေးမှာ လီဗာပူးဘက်က စိန့်တာဝန်ရှိသူတွေနဲ့ ရင်းနှီးထားတဲ့ ဆက်ဆံရေးကို အသုံးချနေပြီး အာဆင်နယ်ဘက်က ကစားသမားရဲ့ အေးဂျင့်ဘက်နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်ပါတယ်။
လိုက်ဇစ်က ကာဗာရိုကို အပြီးသတ် ဝယ်ယူခွင့် မပါဝင်ဘဲ ၂ ရာသီထိ အငှားချပေးဖို့ ညိနှိုင်းခဲ့ပေမယ့် လီဗာပူးဘက်က ၁ ရာသီ အငှားပဲ လက်ခံမှာ ဖြစ်ပါတယ်။
မာတစ်နဲ့ သီယေဂိုတို့ဟာ ဒီနွေမှာ လီဗာပူးကနေ ထွက်ခွာဖွယ် မရှိဘဲ သူတို့ စာချုပ် ကုန်ဆုံးမယ့် နောက်နှစ်နွေမှ အလွတ်ဖြင့် ထွက်ခွာသွားကြမှာ ဖြစ်ပါတယ်။
မေဆန်မောင့်ကို ခေါ်ယူရေးမှာ မန်ယူနိုက်တက်က လက်မြောက်ခဲ့ရင်တောင် လီဗာပူးက ချယ်ဆီး ကွင်းလယ်လူကို ဝင်ရောက် ချိတ်ဆက်တော့မှာ မဟုတ်ပါဘူး။