စျေးကွက် နောက်ကျချိန်ထိ စောင့်ပြီး လီဗာပူးက စွန့်စားမှုကြီး တစ်ခု ဝင်သွားမှာလား?

၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်တို့ကို ပါဝင် ယှဉ်ပြိုင်ရမယ့် လီဗာပူးအသင်းဟာ လူသစ် ခေါ်ယူမှုကို ၄ ဦးထိ ပြုလုပ်မှာက သေချာသလောက် ရှိနေပါပြီ။

ယူ-၂၁ အဆင့် ယူရိုပြိုင်ပွဲအပြီးမှာ လီဗာပူးအသင်းက အဆိုပါ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ထားတဲ့ ကွင်းလယ်လူသစ် တစ်ဦးကို ခေါ်ယူမှာဖြစ်ပါတယ်။ အားလုံးက သူရမ်ဖြစ်မယ်လို့ မှန်းဆထားကြကာ ဂရာဗင်ဘက်ချ်၊ မန်နူကူနေး၊ ဗီဂါနဲ့ လာဗီယာတို့ထဲက တစ်ဦးဦးလည်း ဖြစ်သွားနိုင်ပါတယ်။

လီဗာပူးပရိသတ်တွေ သိလိုနေတဲ့ မေးခွန်းတစ်ခုက မက်ကယ်လစ္စတာကို ခေါ်ယူထားအပြီး ယူ-၂၁ အဆင့် ကွင်းလယ်လူတစ်ဦး၊ ဗဟိုခံစစ်မှူးတစ်ဦး ထပ်မံ လက်မှတ်ထိုးပြီးရင် အသင်းရဲ့ ဒီနွေခေါ်ယူမှုက အပြီးသတ်မှာလား? ဖြစ်ပါတယ်။

ရိုမန်နိုကတော့ ” လာဗီယာဟာ လီဗာပူး၊ အာဆင်နယ် အပါအဝင် ကလပ်များစွာနဲ့ စကားပြောနေပါတယ်။ အခုချိန်ထိ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ အရေးကြီးတာ မှတ်ထားဖို့က ဆောက်သမ်တန်ဘက်က သူတို့ရဲ့ ကစားသမားအတွက် ပေါင် သန်း ၅၀ နီးနီး ရလိုနေပါတယ်။

လီဗာပူးအသင်း လာဗီယာကို စိတ်ဝင်စားတာက သူရမ်ကို ခေါ်ယူရေးအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ဒီအခြေအနေမှာ သူရမ်ကလည်း သူတို့ ခေါ်မယ့် ကစားသမား စာရင်းထဲ ပါနေဆဲပါ ” လို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင်လမှာ ရာသီကြို ပြန်စတော့မယ့် ဖြစ်ပြီး ကယ်လစ္စတာ တစ်ဦးတည်း ခေါ်ယူထားတဲ့ လီဗာပူးအသင်း လူစာရင်းဟာ ရာသီစ ဩဂုတ်လအတွက်တော့ အင်အား မနည်းပါးပါဘူး။ ဒါပေမယ့် တစ်ရာသီလုံးအတွက်ဆိုရင် ကွင်းလယ်ကော ခံစစ်ပါ အားဖြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အသင်းဘက်က လူသစ်ခေါ်ယူမှုတွေအပြင် ကစားသမား ရောင်းချမှုတွေ၊ အငှားထုတ်မှုတွေ ပြုလုပ်ဦးမှာမို့ စျေးကွက် အစောပိုင်းမှာတင် ကိစ္စတွေအားလုံး ပြီးမြောက်ဖွယ် မရှိတော့ပါဘူး။

Deadline နေ့မှာ လူသစ်ခေါ်ယူရေးတွေ မြန်မြန်ဆန်ဆန် ဖြစ်လာလေ့ရှိတာနဲ့အတူ လီဗာပူးရဲ့ နောက်ဆုံးသော ကွင်းလယ် ခေါ်ယူမှုဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်ထိ ရောက်သွားနိုင်တယ်ဆိုတဲ့ အသံတွေကို စကြားနေရပြီ ဖြစ်ပါတယ်။