လီဗာပူး ပစ်မှတ်တွေဖြစ်တဲ့ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်နဲ့ ခံစစ်မှူး ဗန်ဒီဗန်တို့ ပါဝင်တဲ့ နယ်သာလန် ယူ-၂၁ အသင်းဟာ ယူရိုပြိုင်ပွဲကနေ ထွက်ခွာရပြီ ဖြစ်ပါတယ်။ ကစားသမားတွေဟာ မကြာခင်မှာ အနာဂတ်အတွက် ဆုံးဖြတ်မှုတွေအတွင်း ပါဝင်လာတော့မှာပါ။
ဆော်ဒီကလပ် Al Ahli အသင်းနဲ့ ဖာမင်နိုရဲ့ ကိုယ်စားလှယ်တွေကြား စကားပြောမှုက အခြေအနေ ကောင်းသွားခဲ့ပါပြီ။ အပြီးသတ် ကိစ္စတွေအတွက် ဆက်လက် ဆွေးနွေးကြပြီ ဖြစ်ပါတယ်။
ကစားသမားတစ်ယောက်ကို လက်မှတ်ထိုးဖို့ဆိုရင် ကင်းထောက်တွေက အဓိက စောင့်ကြည့်ပေးလေ့ ရှိပေမယ့် ကလော့ပ်က အဆိုပါ ပစ်မှတ်ရဲ့ မိသားစုဝင်တွေဖြင့် စကားပြောကြည့်လေ့ရှိတယ်လို့ သိရပါတယ်။ ကစားသမားတွေရဲ့ အကျင့်စရိုက်နဲ့ အလေ့အထား ကောင်းမွန်မှု ရှိမရှိ ကလော့ပ်က လေ့လာသေးတာပါ။
ဘိုင်ယန်မြူးနစ်ဟာ ဒီနွေမှာ မာနေးအပြင် ဂရာဗင်ဘက်ချ်ကိုပါ ရောင်းထုတ်သွားမယ်လို့ ဂျာမာန် အသိုင်းအဝိုင်းက ယုံကြည်နေကြပါတယ်။
အန်ဖီးမှာ အယ်လီဆန် ဘက်ကာရဲ့ ပေးမှုက တစ်ဆင့် မန်စီးတီးကို ဆာလာ သွင်းယူတဲ့ သွင်းဂိုးဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ အကောင်းဆုံး ဂိုးအဖြစ် မဲပေးခံခဲ့ရပါတယ်။
လိဒ်စ်ယူနိုက်တက်ဘက်က ခံစစ်မှူး နက်ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း ရဖို့ မျှော်လင့်နေပါတယ်။
ဒီစျေးကွက်မှာ လီဗာပူးက ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ကမ်းလှမ်းမှု ပြုလုပ်သွားမှာလို့ ဘယ်ဂျီယံ သတင်းထောက်တွေက ဆိုပါတယ်။
လီဗာပူးအသင်းကလည်း ယူရို ၁၅ သန်းဖြင့် ခေါ်ယူနိုင်မယ့် ဖီနာဘာချီ ကွင်းလယ်လူ Arda Guler ကို အခြားသော ဥရောပ ထိပ်သီးတွေနည်းတူ သဘောကျပေမယ့် အပြောင်းအရွှေ့ ဖြစ်ဖို့ဟာ ရှုပ်ထွေးလှတယ်လို့ ရိုမန်နိုက ဆိုပါတယ်။
ဒီနှစ်အတွင်း လီဗာပူးရဲ့ ဦးစားပေး ပလန် တစ်ခုကတော့ ၂၀၂၅ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ထရန့်ကို စာချုပ်သစ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။
မက်ကယ်လစ္စတာကို ခေါ်ယူပြီးတဲ့နောက် လီဗာပူးရဲ့ ၂၅ ဦး လူစာရင်းမှာ Non-homegrown ကစားသမား ၂ နေရာပဲ ကျန်ရှိပါတော့တယ်။ လီဗာပူးအသင်းရဲ့ နောက်ထပ် ခေါ်ယူမှုတွေဟာ အသက် ၂၁ နှစ်အောက် ဒါမှမဟုတ် အင်္ဂလန် ကစားသမားဖြစ်လာဖို့ လိုအပ်နေပါပြီ။