အန်နာဆီယိုအတွက် ကလပ် ၂ သင်းနဲ့ လီဗာပူး ပြိုင်ဆိုင်ရမှာဖြစ်ပြီး အပြောင်းအရွှေ့ နောက်ဆုံး သိရမှု

ဒီနွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်းဟာ ဘယ်ခြမ်း ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူမှာဖြစ်ကာ အဲ့အတွက် ဝုဒ်ဘတ်မှ ဗန်ဒီဗန်နဲ့ စပို့တင်းမှ အန်နာဆီယိုတို့ဟာ သတင်းအကြီးဆုံး ဖြစ်ပါတယ်။

လီဗာပူးသတင်းထောက်တွေက ခံစစ်မှူးတစ်ဦး အသင်း လက်မှတ်ထိုးမှာကို ဖော်ပြနေကြပေမယ့် ဘယ်သူဖြစ်လာမယ်တော့ မသဲကွဲသေးပါဘူး။ နည်းပြအဖွဲ့က ဘယ်ခြမ်းမှာ ခံစစ်မှူးလိုကော၊ အစွန်လူလိုပါ ကစားနိုင်မယ့်သူ အလိုရှိနေကာ ဗန်ဒီဗန် မဟုတ်ရင် အန်နာဆီယိုကို ခေါ်မယ်လို့ ယုံကြည်ထားကြတယ်။

AS ရဲ့ ဖော်ပြမှုမှာလည်း ‘ ပေါ်တူဂီကလပ်မှာ အန်နာဆီယိုရဲ့ အနာဂတ်က အဆုံးသတ်ဖို့ နီးလာနေပါပြီ။ သူ့ကို ခေါ်ယူရေး ပရီးမီးယားလိဂ် ကလပ် ၃ သင်းက နောက်ကွယ်ကနေ ကြိုးစားနေပါတယ်။

မနှစ် နွေစျေးကွက်မှာတည်းက ဘယ်ခြမ်း ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဖို့ကို လီဗာပူးဘက်က စိတ်ဝင်စားမှု ပြသထားပြီး ဒီတစ်ကြိမ်မှာတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ခံစစ်မှူး ခေါ်ယူနိုင်ဖို့ ကြိုးစားလာမှာပါ ’ လို့ ပါရှိပါတယ်။

စပို့တင်းဟာ ဒီနွေမှာ ကွင်းလယ်လူ အူဂါတီကို ရောင်းထုတ်ထားပြီမို့ ဘဏ္ဍာရေးပိုင်း တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ၎င်းတို့ကတော့ အန်နာဆီယိုအတွက် အလျင်စလို အခြေအနေ မရှိပါဘူး။ ပေါ်တူဂီသားကို လီဗာပူးနဲ့အပြိုင် ချိတ်ဆက်မယ့် ပရီးမီးယားလိဂ် ၂ သင်းထဲက တစ်သင်းက နယူးကာဆယ်လို့ သိထားရတယ်။

အန်နာဆီယိုရဲ့ စာချုပ်ပါကြေးဟာ ယူရို သန်း ၆၀ လား ယူရို ၄၅ သန်းလားဆိုတာ အခုချိန် မသေချာသေးပါဘူး။ ဒါ့အပြင်ကို စပို့တင်းဘက်က ၂၀၂၆ ခုနှစ်ထိ သူတို့အသင်းနဲ့ စာချုပ်ရှိထားတဲ့ အန်နာဆီယိုကို ဒီနွေမှာ လက်လွတ်ခံလိုစိတ် ရှိရဲ့လား မသိရသေးတာ ဖြစ်ပါတယ်။