NEWS: လိုက်ဇစ်အသင်းမှ ဒေါမနစ် ဆိုဘိုစလိုက်ကို ခေါ်ယူဖို့ လှုပ်ရှားလာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်း တိုက်စစ်အားသန် ကစားသမား Dominik Szoboszlai ကို ခေါ်ယူရေး စတင် လှုပ်ရှားနေပြီလို့ The Athletic က ဖော်ပြလာပါတယ်။

သတင်းထောက် David Ornstein ကတော့ ဒီအပတ်ထဲမှာ လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးဖို့ ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြပါတယ်။ လီဗာပူးနဲ့ လိုက်ဇစ်တို့ဟာ ဒီတလောမှာ ကာဗာရို အပြောင်းအရွှေ့ ကိစ္စ ဆွေးနွေးမှု အပြီးသတ်ထားကြတာ ဖြစ်ပါတယ်။

ဆိုဘိုစလိုက်ကို ခေါ်ယူရေး ကိစ္စဟာ ရှုပ်ထွေးမှုတွေရှိပြီး ပြီးမြောက်ဖို့ရာ ခက်ခဲတယ်ဆိုတာကို လီဗာပူးဘက်က နားလည်ထားပါတယ်။ ဟန်ဂေရီ အသင်းခေါင်းဆောင်ရဲ့ စာချုပ်မှာ ယူရို သန်း ၇၀ ဖြင့် ပြောင်းရွှေ့နိုင်ခွင့် ပါဝင်ထားပါတယ်။

ဒါပေမယ့် ဇွန်လ ၃၀ နောက်ပိုင်းမှာတော့ အဆိုပါ ပြောင်းရွှေ့ကြေး အသက်မဝင်တော့ဘဲ စိတ်ကြိုက် စျေးညိနှိုင်မယ်လို့ သိရပါတယ်။

အင်္ဂလန်ကွင်းလယ်လူ မေဆန်မောင့်ကို အစောပိုင်း စိတ်ဝင်စားခဲ့ပြီး နောက်ပိုင်း ဆိုဘိုစလိုက်ဟာ လီဗာပူးချိန်ရွယ်လာတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။ သူဟာ ညာတောင်ပံ၊ ဘယ်တောင်ပံ၊ ကွင်းလယ်တိုက်စစ်နဲ့ ကွင်းလယ်နေရာတွေမှာ ကစားနိုင်ပါတယ်။

လီဗာပူးအသင်းဟာ သူရမ်၊ လာဗီယာတို့ကို စိတ်ဝင်စားကာ အပြောင်းအရွှေ့ ကိစ္စ ဖော်ဆောင်ဖို့ ရှိနေချိန်မှာပဲ ကာဗာရိုကို အငှားချမှုက တစ်ဆင့် အသက် ၂၂ နှစ်အရွယ် ဆိုဘိုစလိုက်ကို သဘောကျလာခဲ့တာပါ။ ကွင်းလယ်လူဟာ မနှစ်ကရာသီ လိုက်ဇစ်အတွက် ၄၈ ပွဲ ကစားပြီး ၁၀ ဂိုး သွင်းယူထားပါတယ်။