ဆိုဘိုစလိုက် အပြောင်းအရွှေ့အတွက် သတင်းဌာန အမျိုးမျိုးက မတူညီတဲ့ ဖော်ပြချက်နဲ့အတူ နံနက်ခင်း လီဗာပူးသတင်းများ

ဘော်ဘီဟာ ဆော်ဒီကလပ် Al Ahli အသင်းနဲ့ လက်မှတ်ထိုးဖို့ရာ နှုတ်အားဖြင့် သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ တရားဝင် လက်မှတ်ထိုးဖို့ ကိစ္စတွေကို စတင်နေပြီး စာချုပ်က ၂၀၂၆ ခုနှစ်ထိ ရှိမှာပါ။

ဒီနွေမှာ ခက်ခဲတဲ့ ဘဏ္ဍာရေး အခြေအနေအောက်ကနေ ကစားသမား ခေါ်ယူမှုတွေ လုပ်နိုင်ဖို့ ကြိုးစားနေရတဲ့ လီဗာပူးဟာ ဆိုဘိုစလိုက်ကို သဘောကျပေမယ့် ငွေကြေး တတ်နိုင်မယ် မမြင်ဘူးလို့ အင်္ဂလန်သတင်းဌာန Football Daily က ဆိုပါတယ်။

ဆိုဘိုစလိုက် ကိုယ်တိုင်က လီဗာပူးအသင်းကို အထင်ကြီးသူဖြစ်ပြီး ဒီနွေမှာ လိုက်ဇစ်ကနေ ထွက်ခွာလို့ မာဆေးဆိုဒ်ကလပ်နဲ့ နယူးကာဆယ်ကြား ရွေးချယ်မှု လုပ်ခွင့်ရရင် မာဆေးဆိုဒ်ကိုပဲ ရွေးချယ်ဖို့ ဆန္စရှိနေပါတယ်။

လီဗာပူးဘက်က ဆိုဘိုစလိုက်ရဲ့ ကိုယ်စားလှယ်တွေဖြင့် တွေ့ဆုံ စကားပြောမှု ပြုလုပ်ထားခဲ့ကာ ဟန်ဂေရီ တိုက်စစ်အားသန်လေးကို ခေါ်ယူဖို့ဆိုရင် ခက်ခဲရှုပ်ထွေးမယ်ဆိုတာကို နားလည်ထားပါတယ်။

စကိုင်းစပေါ့ကတော့ လီဗာပူးဟာ ဘာရယ်လာနဲ့ ဆိုဘိုစလိုက်တို့ကို ဒီနွေ ပစ်မှတ်တွေထဲ ထိပ်ဆုံးတွေက ထည့်ထားတယ်လို့ ဆိုပါတယ်။

လီဗာပူး ပစ်မှတ်ထဲက တစ်ဦးဖြစ်တဲ့ ဂလတ်ဘတ် ကွင်းလယ်လူ မန်နူကူနေးဟာ ယူရို-၂၁ ပြိုင်ပွဲအတွင်း ဒူးဒဏ်ရာကြောင့် ထွက်ခွာခဲ့ရပါတယ်။

ကွင်းလယ်လူ ကလိုက်ဆန်က အငှားထွက်နေခဲ့စဉ်အတွင်း လီဗာပူး ပထမအသင်းမှာ ကစားနိုင်လောက်မယ့် အသံမျိုး လုံးဝ မကြားခဲ့ရတာနဲ့အတူ ဒီနွေမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရှက်ရွံ့တတ်တဲ့ ဒါဝင်ဟာ အထနှေးနေခဲ့ပေမယ့် သူ့ရဲ့ လီဗာပူးကစားသမားဘဝ ဒုတိယရာသီမှာ တောက်ပလာလိမ့်မယ် ယုံကြည်ကြောင်း ဆွာရက်စ်က ပြောပြခဲ့တယ်လို့ လူးကပ်လေဗာက ထုတ်ပြောလာပါတယ်။