NEWS: လီဗာပူးနဲ့ လိုက်ဇစ်တို့ အပြောင်းအရွှေ့ ကိစ္စ တိုက်ရိုက် စကားပြောနေပါပြီ။

ဒေါမနစ် ဆိုဘိုစလိုက်က လီဗာပူးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေခြင်းနဲ့အတူ မာဆေးဆိုဒ်ကလပ်ဟာ ဖြစ်လာနိုင်ဖွယ် အပြောင်းအရွှေ့အတွက် အတော်လေး အားထုတ်လာနေပြီ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ လီဗာပူးအသင်းဟာ ဆိုဘိုစလိုက်ရဲ့ ကိုယ်စားလှယ်တွေဖြင့် တွေ့ဆုံကာ စကားပြောမှု ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒီကနေ့မှာ ဆိုဘိုစလိုက်ရဲ့ စာချုပ်ပါကြေး ကုန်ဆုံးမှု မတိုင်ခင် ကြိုတင် ချိတ်ဆက်ခြင်းဖြစ်ပါတယ်။

ဟန်ဂေရီကွင်းလယ်လူရဲ့ စိတ်ဓါတ်ပိုင်းနဲ့ အရည်အချင်းကို လီဗာပူးဘက်က သဘောကျခဲ့တယ်။ ကွင်းလယ်လူဟာ အခွင့်အရေး ဖန်တီးနိုင်သလို ဘောလုံး သယ်ဆောင်နိုင်စွမ်းမှာလည်း ကလောပ့်နဲ့ နည်းပြအဖွဲ့ကို အကြိုက်တွေ့စေခဲ့ပါတယ်။

ဒီအပတ် အစောထိ အပြောင်းအရွှေ့က ဖြစ်လာဖွယ် မရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဒါက ဖြစ်လာနိုင်တဲ့ ကိစ္စအဖြစ် တိုးတက်လာပါပြီ။ ကစားသမား ကိုယ်တိုင်က ပြောင်းလိုနေတာမို့ ကလပ်နှစ်သင်း တွေ့ဆုံစကားပြောနေပြီး အကောင်းမြင်လောက်တဲ့ အခြေအနေပါ။

အရေးကြီးဆုံးအဖြစ် ပြောင်းရွှေ့ကြေး ကိစ္စ ညိနှိုင်းနေတယ်လို့ သိရပါတယ်။