

ဒီကနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာတော့ လီဗာပူးအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ပထမဆုံး ပွဲစဉ်ကို ဂျာမနီမှာ Karlsruher အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိပါတယ်။ (ပြိုင်ဘက်အသင်းအကြောင်းကို ဒီလင့်ကနေ ဖတ်ရှုနိုင်ပါတယ်)
လိုက်ဇစ်အတွက် ပထမဆုံး ကစားတဲ့ ခြေစမ်းပွဲ ပွဲစဉ်မှာ ကာဗာရိုက သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဆော်ဒီကလပ် Al-Hilal အသင်းဟာ လီဗာပူး တိုက်စစ်သမား လူးဝစ် ဒီယက်စ်ကို သန်း ၅၀ ဖြင့် ချိတ်ဆက်လိုကြောင်း သတင်းတွေ ထွက်ပေးနေကာ အခုချိန်ထိတော့ အင်္ဂလန်ဘက်က သတင်းထောက်တွေ အတည်ပြုလာခြင်း မရှိသေးပါဘူး။
ဒီအပတ် ကြာသပတေးနေ့မှာတော့ ဟာဗးနဲ့ ကာတစ်ဂျုံးတို့ ဂျာမနီက လီဗာပူး လူစာရင်းနဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။
ချယ်ဆီးခံစစ်မှူး ဖိုဖာနာ ACL ဒဏ်ရာရခဲ့တာကြောင့် လန်ဒန်ကလပ်ဘက်က လီဗာပူးဘက်က ခေါ်ယူလိုနေတဲ့ အသက် ၂၀ အရွယ် ခံစစ်မှူး လီဗီ ကိုးဝဲလ်ကို လုံးဝ မရောင်းထုတ်ဘဲ ဆက်ထိန်းသွားတော့မှာ ဖြစ်ပါတယ်။
ပဲလေစ့် ကွင်းလယ်လူ ဒူကူရေကို အသင်းဘက်က သဘောကျနေတယ်လို့ အသံထွက်နေပေမယ့် ချိတ်ဆက်မှုတွေတော့ မထွက်လာသေးပါဘူး။
ဘိုင်ယန်မြူးနစ်ဘက်က ၎င်းတို့ ကွင်းလယ်လူတွေဖြစ်တဲ့ ဂေါ်ရက်စကာနဲ့ ကင်မစ်တို့ကို ဒီနွေမှာ ရောင်းထုတ်သွားမှာပါ။ လီဗာပူးဘက်က အသက် ၂၈ နှစ်အရွယ် ဂျာမာန်သားတွေကို ချိတ်ဆက်မယ်ဆိုရင် လက်ခံစဉ်းစားပေးနိုင်ပါတယ်။
ဂျာမနီက လေ့ကျင့်ရေးမှာ ကလော့ပ်က ကွင်းလယ်လူ မက်ကယ်လစ္စတာကို မာကာလို့ သုံးနှုန်းခဲ့ပါတယ်။ အာဂျင်တီးနား ကွင်းလယ်လူကို အသင်းအဝတ်လဲခန်းက တကယ်ခေါ်နေတဲ့ နာမည်ဟာ မာကာ ဖြစ်မယ်လို့ ယူဆရပါတယ်။
လီဗာပူးအသင်းမှာ ရင်းနှီးမြုပ်နှံမှုကြီး လိုအပ်နေတယ်လို့ ဘောစတွန်ဘက်က FSG ရဲ့ ပါတနာဖြစ်သူ ထုတ်ပြောလာပါတယ်။ လက်တလောမှာ FSG ဟာ သူတို့ရဲ့ ဘေ့စ်ဘော အသင်းကို ပေါင် ၁ ဘီလျံကျော် ထပ်မံ ရင်းနှီးမြုပ်နှံဖို့ စဉ်းစားနေပါတယ်။
လီဗာပူးအသင်းမှာ ၆ နှစ်အတွင်း ၇ ကြိမ်မြောက် အငှားထွက်မှုအဖြစ် Anderson Arroyo ဟာ စပိန်ကို အငှားထွက်ပြီဖြစ်ကာ အသက် ၁၉ နှစ်အရွယ် Musialowski ကလည်း ပိုလန်ကို ပြန်သွားတော့မှာ ဖြစ်ပါတယ်။