

လီဗာပူးအသင်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ၂၃ ဦးပါ လူစာရင်း ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ လူစာရင်းမှာ နိုင်ငံခြားသား အသင်းသားက ၁၇ ဦးကို ကျော်လွန်နေတာမို့ အတ်ဒရီယန်ကို လူစာရင်းကနေ ဖယ်ထုတ်ထားပါတယ်။
ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းမှာ အဓိက ဂိုးသမားတွေ ကာလရှည် ဒဏ်ရာရှိပါက ဂိုးသမားသစ်ဖြင့် အစားထိုးနိုင်တဲ့ အချက် ပါဝင်တာမို့ အတ်ဒရီယန်ကို မထည့်ခြင်းဟာ လီဗာပူးလူစာရင်းအတွက် ပြဿနာ မရှိပါဘူး။
ဒီအသင်းသား ၂၃ ဦးဟာ ယူရိုပါလိဂ် အုပ်စုအဆင့် ၆ ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၂၀၂၄ အုပ်စုအဆင့်ကို ကျော်လွန်ခဲ့ပြီးရင် ၂၀၂၄ မှာ ရာသီဝက် လူစာရင်း ပြန်တင်ရမှာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ‘locally trained’ ကစားသမား လိုအပ်ချက်တွေ ရှိနေတာမို့ လူစာရင်း ၂၅ ဦး အပြည့် မတင်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ဂျာရိုစ့်နဲ့ ကလက်တို့ကိုပါ ဖြည့်တင်းထားတာပါ။
၂၀၀၂ ခုနှစ် ဇန်နဝါရီ နောက်ပိုင်းမှာ မွေးဖွားပြီး ကလပ်မှာ အနည်းဆုံး ၂ နှစ်ရှိနေတဲ့ လူငယ်တွေကို ‘A list’ စာရင်း တင်စရာ မလိုတာမို့ ဟာဗေး၊ ကွမ်းဆက်နဲ့ ဘရတ်ဒလေတို့ကို အဆိုပါ စာရင်းကနေ ထည့်သွင်းခဲ့ခြင်း မရှိဘဲ ဗန်ဒုတ်ကိုတော့ ထည့်ခဲ့ရခြင်း ဖြစ်ပါတယ်။
အုပ်စု E မှာတော့ လီဗာပူးအသင်းဟာ အုပ်စုတွင်း ပြိုင်ဘက်တွေအဖြစ် ဩစတြီးယား ဘွန်ဒက်လီဂါကလပ် လက်စ်၊ ဘယ်ဂျီယံကလပ် ယူနီယံ စိန့်ဂယ်လွိုက်စ်၊ ပြင်သစ်ကလပ် တူးလုစ့်တို့ဖြင့် အတွဲကျထားပါတယ်။
၂၀၂၃-၂၀၂၄ ယူရိုပါလိဂ် လူစာရင်း
- ဂိုးသမား – အယ်လီဆန်၊ ကလယ်ဟာ၊ ဂျာရိုစ့်။
- ခံစစ်သမား – ဗန်ဒိုက်၊ ကိုနတေး၊ ဂိုးမက်စ်၊ မာတစ်၊ ထရန့်၊ ရော်ဘတ်ဆန်၊ ကိုစတက်။
- ကွင်းလယ် – ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာ၊ သီယေဂို၊ ဂရာဗင်ဘက်ချ်၊ ဂျုံး၊ အန်ဒို၊ ကလက်။
- တိုက်စစ် – ဆာလာ၊ ဒီယက်စ်၊ ဂက်ပို၊ ဒါဝင်၊ ဂျိုတာ၊ ဗန်ဒုတ်။
- List B: ပီတာလူးဂါ၊ ကွမ်းဆက်၊ ဘရတ်ဒလေ၊ ဘာ့ဆဲတစ်၊ အယ်လီးယော့။