

လီဗာပူးအသင်းဟာ ဒီနေ့ည ယူရိုပါလိဂ် ပွဲအပြီး ဝက်စ်ဟမ်း၊ တော်တင်ဟမ်၊ ဘရိုက်တို့ကို ပရီးမီးယားလိဂ် ပွဲစဉ်တွေအဖြစ် ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကြားထဲမှာတော့ လက်စတာနဲ့ ကာရာဘောင်း၊ ယူနီယံစိန့်နဲ့ ယူရိုပါလိဂ်ပွဲတွေ ရှိပါမယ်။
လန့်စ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲကို ပွဲထွက် ဂိုးသမားအဖြစ် ကလယ်ဟာ တာဝန်ယူမယ်လို့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်လာပါတယ်။
ဗန်ဒုတ်ကို ဒီညပွဲမှာ ပွဲထုတ်မလား မေးခွန်းကို ပြန်ဖြေပေးဖို့ ကလော့ပ်က ငြင်းဆန်ခဲ့ပြီး ဒီရာသီမှာ ယူရိုပါလိဂ်ကို ယှဉ်ပြိုင် တိုက်ခိုက်လိုပြီး လူငယ်တွေကို နေရာပေးတဲ့ ပြိုင်ပွဲအဖြစ် သုံးမှာ မဟုတ်ဘူးလို့ တုန့်ပြန်ပါတယ်။
ယူရိုပါလိဂ်ပွဲမှာ ထရန့် ပါနိုင်ဖို့ ၅၀-၅၀ အခြေအနေဖြစ်ပြီး သူ့ဟာ ဝက်စ်ဟမ်းပွဲမှာ ပွဲထွက်လူစာရင်းက ပြန်ပါဖို့ အခွင့်အရေး များပါတယ်။
ဗန်ဒိုက်က ဝုဗ်ပွဲအတွင်း သူ့နေရာကနေ ပွဲထွက်ခဲ့တဲ့ ကွမ်းဆက်ရဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော် ချီးကျူးခဲ့ပါတယ်။ ပွဲကစားခွင့်တွေ ပိုရလာပြီး ပိုကောင်းလာနိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။
လီဗာပူးအသင်းနဲ့ ထရန့်ကြား စာချုပ်သစ်ကိစ္စဟာ တိုးတက်မှုရှိတယ်လို့ အသံထွက်လာပါတယ်။ ဒီရာသီ လီဗာပူးရဲ့ ဦးစားပေး ကိစ္စ တစ်ခုကတော့ ထရန့်ကို ကာလရှည် စာချုပ်သစ်ပေးရေး ဖြစ်ပါတယ်။
မာတစ်ဟာ လီဗာပူးအသင်းမှာပဲ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်လိုကြောင်း ပြောဆိုပါတယ်။ မာတစ်ဟာ လီဗာပူးအသင်းနဲ့ ဒီနွေအထိပဲ စာချုပ်ရှိထားတာ ဖြစ်ပါတယ်။
အိုးထရတ်ဖိုဒ့်မှာ လီဗာပူးကို ၅-၀ ဖြင့် အရေးနိမ့်တာက သူ့ရဲ့ ယူနိုက်တက် နည်းပြဘဝ အနိမ့်ဆုံး ကာလဖြစ်ပြီး တိုက်စစ်ဖွင့်ကစားဖို့အစား ခံစစ်ပိတ် ကစားခဲ့သင့်တာလို့ ဆိုးရှားက ထုတ်ပြောသွားပါတယ်။
ယူနိုက်တက်နည်းပြဟောင်း ဆိုးရှားက သူ့ကို ဒုက္ခအပေးဆုံး ပြိုင်ဘက် ကစားသမားက ဘော်ဘီ ဖာမင်နိုဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။
အပြောင်းအရွှေ့ သတင်းအချို့ကတော့ လီဗာပူးအသင်းဟာ ဂျပန်အစွန်သမား ဇူကာဝါယာကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။