ဒဏ်ရာ မစိုးရိမ်ရတဲ့ ဂရာဗင်ဘက်ချ်၊ ကလော့ပ်ရဲ့ နိုင်ပွဲ မှတ်တမ်း၊ ပထမပိုင်း ခြေစွမ်းကို မကျေနပ်ခဲ့ကြတဲ့ အသင်းသားများ၊ နံနက်ခင်း လီဗာပူး သတင်းတိုများ

လက်စ်ပွဲမှာ ပွဲထွက် ၁၁ ဦးလုံးကို ပြောင်းလဲခဲ့တာက ကစားသမားတွေထံက သူတို့ ဘာလုပ်နိုင်တယ်ဆိုတာကို သက်သေပြတာမျိုးကို လိုချင်တာကြောင့်လို့ ယာဂင်က ဆိုပါတယ်။

ကွင်းလယ်လူသစ် ဂရာဗင်ဘက်ချ်ဟာ စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ဘဲ မနေ့ညကပွဲမှာ ကြွက်တက်တာကြောင့် ထွက်သွားရတာဖြစ်ပါတယ်။

ဘာ့ဆဲတစ်ဟာ ၆ လကြာ ဒဏ်ရာရနေရာကနေ ကလပ်အဆင့်မှာ ပထမဆုံး အကြိမ် ပွဲပြန်ထွက်မှုဖြစ်ပြီး ဒီလောက် ပြန်ကစားနိုင်ခဲ့တာကိုက သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းအတွက် အကောင်းမြင်စရာ ဖြစ်ပါတယ်။

ဩစတြီးယားကလပ် လက်စ်အသင်းကို ၃-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့အတူ ဥရောပနိုင်ပွဲ ပွဲ ၅၀ ရခဲ့ပါပြီ။ ဒါဟာ လီဗာပူးအသင်းသမိုင်းမှာ အမြင့်ဆုံး ဥရောပနိုင်ပွဲ မှတ်တမ်းကို ရတဲ့ နည်းပြဖြစ်လာပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲမှာ လီဗာပူးက ချွန်ထွက် တောက်ပနေတာမျိုး လူတိုင်းက မြင်လိုပေမယ့် အဲ့လို ဖြစ်လာမှာ မဟုတ်ဘူးလို့ ကလော့ပ်က ဆိုပါတယ်။ သူကတော့ ဒီပြိုင်ပွဲကနေ အသင်းသားတွေကို အများကြီး သင်ယူခိုင်းဖွယ် ရှိပါတယ်။

လက်စ်ကို ရင်ဆိုင်တဲ့ ပထမပိုင်း ခြေစွမ်းအတွက် အသင်းသားတွေက သူတို့ဘာသာ မကျေမနပ်ဖြစ်ခဲ့ကြပြီး နည်းပြအဖွဲ့က ကောင်းတာတွေ မြင်ခဲ့ကြောင်းနဲ့ ဒုတိယပိုင်းရောက်ရင် အခိုက်အတန့်တွေကို ပိုကောင်းအောင် အလှည့်အပြောင်း လုပ်ရေး အာရုံစိုက်ဖို့ အားပေးခဲ့ပါတယ်။

မိုဆာလာဟာ လီဗာပူးအသင်းနဲ့အတူ ဥရောပသွင်းဂိုး ၄၂ ဂိုးရထားပြီး ဒါဟာ အာဆင်နယ်အတွက် အွန်နရီ သွင်းခဲ့တဲ့ ၄၂ ဂိုးနည်းတူ အင်္ဂလန်ကလပ် တစ်သင်းနဲ့ ဥရောပမှာ ဂိုးအများဆုံး သွင်းထားတဲ့ တိုက်စစ်သမား နေရာကို ရောက်လာစေပါတယ်။

တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ ထရန့်၊ သီယေဂိုတို့ကလွဲလို့ ဒဏ်ရာ ပြဿနာ မရှိပါဘူး။ ထရန့်ကလည်း အဆိုပါပွဲမှာ ပါဝင်နိုင်ဖွယ် ရှိပါတယ်။