Toulouse vs. Liverpool | ၁ နှစ်ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်အဖြစ် တူးလုစ်တို့ ကွင်းပြည့်မယ့်ပွဲ

နောက်လထဲမှာတော့ ယူရိုပါလိဂ် အုပ်စုအဆင့် ပွဲစဉ် ၄ အဖြစ် ပြင်သစ်ကလပ် တူးလု့စ်အသင်းဟာ လီဗာပူးအသင်းကို ၎င်းတို့ အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ရာဖေး ဘင်နီတက်စ် လက်ထက် လီဗာပူးအသင်း ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တူးလု့စ်နဲ့ ထိပ်တိုက်တွေ့ပြီးနောက် နောက်တစ်ကြိမ် ပြန်လည် တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ပြင်သစ်ကလပ်ရဲ့ ပရိသတ်တွေက ယာဂင်ကလော့ပ်ရဲ့ အသင်းကို ပြိုင်ဘက်အဖြစ် မြင်ရမှာကို အတော်လေး စိတ်လှုပ်ရှားနေပါတယ်။

တူးလု့စ်အသင်းဘက်ကတော့ လီဗာပူးအသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်အတွက် သူတို့အသင်း ရထားတဲ့ လက်မှတ် အားလုံးကို ရောင်းကုန်သွားခဲ့ပြီလို့ ကြေညာခဲ့တယ်။ ဒါကြောင့်ပဲ တူးလုစ့် ပရိသတ် ၂၀၀၀၀ ကျော်ဟာ အဆိုပါနေ့ အိမ်ကွင်းပွဲကို တက်ရောက် ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၂၂ ဩဂုတ်လမှာ မက်ဆီ၊ နေမာ၊ အမ်ဘတ်ပီတို့ရဲ့ ပီအက်စ်ဂျီအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားတဲ့ လီဂူးဝမ်းပွဲ နောက်ပိုင်း အမြင့်ဆုံးသော တူးလု့စ် ပရိသတ်တွေ စိတ်ဝင်စားတဲ့ ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ပါတယ်။

လီဂူးဝမ်း အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ တူးလုစ့်အသင်းရဲ့ အိမ်ကွင်းဟာ ပရိသတ် ၃၁၀၀၀ ခန့် ဝင်ဆံ့ပါတယ်။ ၂၀၂၂ တုန်းက မက်ဆီတို့ရဲ့ ပီအက်စ်ဂျီအသင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရတဲ့ ပွဲအတွင်း ပရိသတ် ၃၁၇၀၀ ဝင်ရောက် ကြည့်ရှုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယူရိုပါလိဂ် ပွဲစဉ်အတွက် အဝေးကွင်းလက်မှတ် ၁၂၀၀ ရရှိထားပြီး ဒီနှစ်သင်း တွေ့ဆုံတဲ့ ယူရိုပါလိဂ်ပွဲဟာ ၁ နှစ်ကျော်အတွင်း ပထမဆုံး အကြိမ်အဖြစ် တူးလု့စ်အသင်းရဲ့ ကွင်းပြည့် ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ပြင်သစ် သတင်းဌာနတွေက ဖော်ပြနေပါတယ်။