တူးလုစ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ပွဲထွက် ကစားသမား ၁၁ ဦးလုံး ပြောင်းလဲဖွယ်ရှိနေတဲ့ လီဗာပူး

ယူရိုပါလိဂ်ပွဲအဖြစ် ကြာသပတေးနေ့ညမှာ ယှဉ်ပြိုင်ရမယ့် တူးလုစ်နဲ့ပွဲမှာ တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးဖို့ ရည်ရွယ်ပေမယ့် အပြောင်းအလဲ များလိမ့်မယ်လို့ သိရပါတယ်။

နည်းပြကလော့ပ်က အလှည့်ကျ လူထုတ်မှုကို ဆက်လက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ရာမှာ အဲဗာတန်ပွဲမှာ ပွဲထွက်ခွင့်မရခဲ့တဲ့ ကစားသမားတွေကို နေရာပေးလာဖို့ ရှိနေပါတယ်။

ယူနီယံစိန့်ပွဲ မတိုင်ခင် ဒူးဒဏ်ရာ ရခဲ့တဲ့ ကလယ်ဟာကို ပြန်ပြီး နေရာပေးဖို့ ရှိသလို ခံစစ်မှာ ဂိုးမက်စ်၊ မာတစ်၊ ကွမ်းဆက်၊ ချမ်ဘာတို့ကို ပွဲထုတ်ကာ ခံစစ်တန်း တစ်ခုလုံး ပြောင်းလဲသွားဖွယ် ရှိပါတယ်။

ရော်ဘတ်ဆန် ဒဏ်ရာရနေတာမို့ အဲဗာတန်ပွဲမှာ ကိုစတက်ကို အသုံးပြုခဲ့ပေမယ့် ယူရိုပါလိဂ်ပွဲမှာ ချမ်ဘာကို ပွဲထုတ်ဖွယ် ရှိပါတယ်။ အခြားသော ဘယ်အစွန်လူအဖြစ် အသက် ၁၈ နှစ်အရွယ် စကန်လွန်ဟာလည်း အခွင့်အရေးရလာနိုင်ပါတယ်။

ကွင်းလယ်မှာတော့ တစ်ပွဲပယ်ခံရဦးမယ့် ကာတစ်ဂျုံးကို အန်ဒို၊ ဟာဗေးတို့လို ပွဲထွက်ခွင့်မရထားတဲ့ ကစားသမားတွေဖြင့် တွဲဘက်ပေးဖို့ ရှိပါတယ်။ သီယေဂို၊ ဘာ့ဆဲတစ်တို့ရဲ့ အခြေအနေကိုတော့ ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ သိရမှာ ဖြစ်ပါတယ်။

တိုက်စစ်မှာတော့ နိုင်ငံတကာပွဲအပြီး ဒဏ်ရာ ပြဿနာ အနည်းငယ်ရှိထားတဲ့ ဗန်ဒုတ်ကို ဒါဝင်၊ ဂက်ပိုတို့နဲ့အတူ ပွဲထုတ်သွားကာ ဆာလာတို့ကို အနားပေးမှာ ဖြစ်ပါတယ်။

Predicted Liverpool XI: Kelleher; Gomez, Matip, Quansah, Chambers; Elliott, Endo, Jones; Doak, Nunez, Gakpo