

လီဗာပူးအသင်းဟာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ဒီကနေ့ည အန်ဖီးကွင်းမှာ ဩစတြီးယားကလပ် လက်စ်အသင်းကို ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒီကနေ့ပွဲကို အနိုင်ရမယ်ဆိုရင် အုပ်စု နောက်ဆုံးပွဲ မတိုင်ခင်မှာ နောက်တစ်ဆင့်ကို တက်ဖို့ သေချာသွားမှာပါ။ ဒါပေမယ့်လို့ ချန်ပီယံလိဂ် တတိယနေရာက အသင်းနဲ့ play-off မကစားဘဲ ရှုံးထွက်ကို တိုက်ရိုက် တက်လိုတယ်ဆိုရင် အုပ်စုဗိုလ်နေရာ အရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
လက်စ်ဟာ အုပ်စုတွင်း ဘိတ်ဆုံးကအသင်း ဖြစ်နေပြီး ဒီပွဲကို လီဗာပူးအသင်း သေချာပေါက် အနိုင်ယူရမှာ ဖြစ်ပါတယ်။
Team News
- အယ်လီဆန်ဟာ ဒဏ်ရာကြောင့် ၂ ပတ်ဝန်းကျင် နားရပါမယ်။
- ဂျိုတာကတော့ အယ်လီဆန်ထက် ပိုကြာကြာ အနားယူရမှာ ဖြစ်ပါတယ်။
- ရော်ဘတ်ဆန်၊ သီယေဂိုနဲ့ ဘာ့ဂျ်ဆီတစ်တို့ဟာ ၂၀၂၄ မှ ဘောလုံး ပြန်ကစားနိုင်မှာပါ။
Liverpool’s XI vs. LASK
နည်းပြကလော့ပ်ဟာ လန်းဆန်းတဲ့ လူစာရင်းကို ထုတ်သုံးလိုတာကြောင့် ဒီပွဲမှာ အလှည့်ကျ လူထုတ်မှုကို ဆက်လက် လုပ်ဆောင်လာနိုင်ပါတယ်။ ဂိုးသမား နေရာအပြင် ပွဲထွက် နေရာ အများအပြားမှာ အပြောင်းအလဲ ပြုလုပ်လာဖို့ ရှိပါတယ်။
ဂိုးသမားနေရာ ကလယ်ဟာ ပွဲထွက်မှာဖြစ်ပါတယ်။ ခံစစ်တန်းမှာတော့ ကိုနတေး၊ ကွမ်းဆက်တို့ ဖြစ်ကာ ဂိုးမက်စ်ကို ညာခြမ်းမှာ သုံးမယ်ဆိုရင်တော့ ဘယ်အစွန်လူ ချမ်ဘာ ပွဲထွက်ခွင့်ရလာဖို့ ရှိပါတယ်။ မဟုတ်ဘဲ ဂိုးမက်စ်ကို ဘယ်ခြမ်း သုံးရင်တော့ ညာအစွန်ကနေ ထရန့်ပဲ ပွဲထွက်လာမှာပါ။
ကွင်းလယ်မှာ အန်ဒိုကို ဟာဗေး၊ ဂရာဗင်ဘက်ချ်တို့နဲ့ တွဲဘက်ပေးဖို့ ရှိနေပါတယ်။ တိုက်စစ်ကတော့ ဒီယက်ဇ်နဲ့ ဂက်ပိုတို့ သေချာပေါက် ပွဲကစားခွင့်ရဖို့ ရှိနေကာ ညာတောင်ပံ နေရာမှာ ဗန်ဒုတ်ကို နေရာပေးမယ်လို့ မျှော်လင့်ရပါတယ်။
အန်ဒို၊ ဂရာဗင်ဘက်ချ်၊ ဟာဗေးတို့ဟာ အရန်ကစားသမားတွေအဖြစ် ပွဲထွက်နေခြင်းဖြစ်ကာ ဒီလိုပွဲတွေကနေ တိုးတက်မှုတွေ ပြသနိုင်ရမှာပဲ ဖြစ်ပါတယ်။