၂၀၂၄ စိန်ခေါ်မှု၊ အိမ်ကွင်း ဂျာစီသစ် ပေါက်ကြားလာခြင်း၊ ကာဗာရိုကို ခေါ်လိုတဲ့ လက်စတာနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

ဒီကနေ့ညမှာ နယူးကာဆယ်ကို အိမ်ကွင်းမှာ ဧည့်ခံခြင်းဖြင့် လီဗာပူးအသင်းဟာ ၂၀၂၄ ခုနှစ်ကို စတင်မှာ ဖြစ်ပါတယ်။

ဗန်ဒိုက်ကတော့ နှစ်သစ်ကူး မက်ဆေ့အဖြစ် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရလိုတယ်ဆိုရင် ပြိုင်ဘက်တွေနဲ့ အနာဂတ်ပွဲတွေအစား ရှေ့လာမယ့်ပွဲကိုပဲ အာရုံစိုက်ပြီး အနိုင်ကစားပါလို့ သတိပေးလိုက်ပါတယ်။

တိုက်စစ်မှူး ဒါဝင် နူးညက်စ်ဟာ ဒီရာသီ လီဗာပူးအတွက် ဂိုးသွင်း အများဆုံး တိုက်စစ်မှူး ၃ ဦးစာရင်းထဲ ၈ ဂိုးဖြင့် ပါဝင်နေသလို အသင်းဖော်တွေအတွက် ဂိုးထောက်ပံ့မှု အများဆုံး ၃ ဦး စာရင်းထဲလည်း ၇ ဂိုးဖြင့် ပါဝင်နေပါတယ်။

ဂျာမနီ လက်ရွေးစင်အသင်းက နည်းပြကလော့ပ်ကို သဘောကျပေမယ့် အပြင်းအထန် ကြိုးစားအားထုတ်ခဲ့ခြင်း မရှိတာက သူ့ရဲ့ လုပ်ခလစာကို ပေးချေနိုင်ခြင်း မရှိတာကြောင့်လို့ သိရပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ လီဗာပူး အိမ်ကွင်းဂျာစီ ဆိုတဲ့ ပုံရိပ် ပေါ်ထွက်နေပြီး ပရိသတ်တွေကြား အမြင်တွေ သတင်ထွက်ပေါ်နေပါပြီ။

အက်ဂါက သူ့ကို လီဗာပူးက ရောင်းချဖို့ ကြိုးစားစဉ် ဘာစီလိုနာနဲ့ ပြောင်းရွှေ့ကြေး သဘောတူခဲ့ပြီး ဖြစ်ပေမယ့် မန်စီးတီးက ကြေးပိုပေးခဲ့ကြောင်း ထုတ်ပြောလာပါတယ်။

ကလပ်က စျေးပိုရတဲ့ မန်စီးတီးထံ ရောင်းချလိုခဲ့ချိန်မှာ အက်ဂါက အသင်းကနေ မထွက်လိုကြောင်း ထွက်ပေးမှရမယ်ဆိုရင် ဘာစီလိုနာကလွဲလို့ လက်ခံမှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ရာက အသင်းမှာပဲ ဆက်ရှိနေခဲ့ပါတယ်။

ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့ ဒဏ်ရာ ပြဿနာ ရင်ဆိုင်နေရပေမယ့် ဇန်နဝါရီစျေးကွက်မှာ လီဗာပူးအသင်း ဘယ်ခြမ်း အစွန်လူသစ် ခေါ်ယူသွားမှာ မဟုတ်ပါဘူး။

ဘာစီလိုနာက ကွင်းလယ်လူ သီယေဂိုကို ခေါ်ယူလိုနေပေမယ့် လီဗာပူးနည်းပြ အဖွဲ့ကတော့ စပိန်သားကို ရာသီကုန်ထိ အသင်းမှာ ဆက်ထိန်းသွားဖွယ် ရှိပါတယ်။

ချန်ပီယံရှစ်ကလပ် လက်စတာအသင်းဟာ လီဗာပူး ဘယ်တောင်ပံသမား ကာဗာရိုကို ရာသီဝက် အငှားခေါ်ယူလိုနေပါတယ်။ အသင်းဟာ ကာဗာရိုကို ပြန်လည် ခေါ်ယူထားခဲ့ပေမယ့် အသင်းမှာ နေရာပေးမလား မသေချာသေးပါဘူး။