ဒီဘရိုင်းကို ရှာတွေ့ခဲ့တဲ့ အားကစားဒါရိုက်တာအား ခေါ်ယူရေး လီဗာပူးအသင်း ကြိုးစားမည်

January 31, 2024 LFC2 0

လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ရာထူးအတွက် လူသစ် ခေါ်ယူဖို့ ကြိုးစားရာမှာ ပရီးမီးယားလိဂ် ကလပ် ၃ သင်းက ဒါရိုက်တာတွေကို ရွေးချယ်လာခဲ့ပါတယ်။ ဂျော့ရှမတ်ကီနဲ့ လမ်းခွဲတော့မယ့် လီဗာပူးအသင်းဟာ မိုက်ကယ် အတ်ဝပ်ကို ပြန်လည် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဝက်စ်ဟမ်း၊ ဘုန်းမောက်နဲ့ ဘရိုက်တန်အသင်းတွေက အားကစားဒါရိုက်တာတွေကို […]

လီဗာပူးပရိသတ်တွေ မပျော်စေရဘူး၊ ဒီညပွဲမှာ ကြေကွဲနေရအောင် လုပ်ပြမယ်လို့ ပိုချက်တီနို ကြွေးကြော်

January 31, 2024 LFC2 0

ဒီကနေ့ည အန်ဖီးမှာ ထိပ်တိုက်တွေ့မယ့် ပရီးမီးယားလိဂ် ပွဲမတိုင်ခင် ပြိုင်ဘက် ချယ်ဆီးနည်းပြ ပိုချက်တီနိုက လီဗာပူးအသင်းနဲ့ ပရိသတ်တွေကို သတိပေးလာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ချယ်ဆီးတို့ ပြည်တွင်း အမှတ်ပေးဖလား ပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ကြမှာဖြစ်ကာ ဒါဟာ နောက်လမှာ ထိပ်တိုက် ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဖိုင်နယ်ပွဲ […]

အားကစားဒါရိုက်တာ ရာထူးထက် ပိုမြင့်တဲ့ ရာထူးပေးရင်တောင် ပြန်လာမှာ မဟုတ်တဲ့ မိုက်ကယ် အတ်ဝပ်

January 31, 2024 LFC2 0

လီဗာပူးအသင်းဟာ မိုက်ကယ် အတ်ဝပ်ကို အကြီးတန် အရာရှိ ရာထူးအတွက် ပြန်လည် ချဉ်းကပ်မှုဟာ ပယ်ချခံရတယ်လို့ သတင်းထွက်လာပါတယ်။ ဘောလုံးလောကရဲ့ ဉာဏ်ကြီးရှင်တွေထဲက တစ်ဦးလို့ တင်စားခံထားရတဲ့ အတ်ဝပ်ဟာ ယာဂင်ကလော့ပ်၊ မိုက်ဂေါ်ဒန်တို့နဲ့ လက်တွဲပြီး လီဗာပူးအသင်း ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ် ထိပ်တန်းနေရာ ပြန်တက်နိုင်ရေး ကြိုးစားပေးခဲ့သူ တစ်ဦးဖြစ်ပါတယ်။ […]

မင်းတို့ ဒီလိုတွေ လုပ်လာမှာ ငါ သိနေတယ် လို့ တုန့်ပြန်ရင်း ဂယက်တွေ မလုပ်ကြဖို့ ကလော့ပ် တားဆီး

January 31, 2024 LFC2 0

ကလော့ပ် ထွက်မယ်ဆိုတဲ့ သတင်းအပြီးမှာ သတင်းထောက်တွေက လီဗာပူး အသင်းခေါင်းဆောင် ဗန်ဒိုက်ကို စာချုပ်သက်တမ်း တိုးမှာလားလို့ တိုက်ရိုက်ကျတဲ့ မေးခွန်းတွေ မေးခဲ့ပါတယ်။ ဗန်ဒိုက်ကတော့ “ ကလပ်ရဲ့ လက်ထဲမှာ ကြီးမားတဲ့ တာဝန်ရောက်ရှိနေပါပြီ။ မန်နေဂျာ နေရာတင် အစားထိုးရမှာ မဟုတ်ဘဲ နည်းပြအဖွဲ့ တစ်ခုလုံးကို အစားထိုးရမှာပါ။ […]

လီဗာပူးအတွက် တိုက်စစ်မှူး မိုဆာလာ ဘောလုံး ပြန်ကစားပေးနိုင်မယ့် အချိန်

January 30, 2024 LFC2 0

အာဖရိကဖလားမှာ တံကောက်ကြော ဒဏ်ရာ ရလာခဲ့တဲ့ ဆာလာဟာ သူ့ရဲ့ လက်ရွေးစင်အသင်း ရှုံးထွက်မှာ ကွန်ဂိုကို အရေးနိမ့် ထွက်ခွာခြင်းကို မာဆေးဆိုဒ်ကနေ ကြည့်နေခဲ့ရပါတယ်။ လက်ရွေးစင်နဲ့ ကလပ်ကြား အကျိတ်အနယ် ဆွေးနွေးပြီးမှ အက်ဆာကို ပြန်ရောက်လာတဲ့ ဆာလာဟာ အီဂျစ်အသင်း ဖိုင်နယ်တက်နိုင်ခဲ့ရင် ပြိုင်ပွဲထံ ပြန်သွားဖို့ စီစဉ်ထားပေမယ့် […]

FSG လက်ထက် တတိယမြောက် လီဗာပူး မန်နေဂျာ ရွေးချယ်မှုဟာ ဘယ်လို စံနှုန်းနဲ့ ဖြစ်လာမလဲ

January 30, 2024 LFC2 0

ဒီနွေမှာတော့ လီဗာပူးအသင်းဟာ ကလပ်ရဲ့ အရေးကြီး ရာထူးဖြစ်တဲ့ မန်နေဂျာ (ဒါမှမဟုတ်) နည်းပြချုပ် နေရာအတွက် လူသစ် ခန့်အပ်မှု ပြုလုပ်သွားမှာပါ။ တကယ်တမ်းမှာတော့ လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG လက်ထက်မှာ လီဗာပူးအသင်းရဲ့ မန်နေဂျာ ရာထူး ရှာဖွေမှုဟာ ဒီတစ်ကြိမ်ဆိုရင် ၃ ကြိမ်မြောက် ဖြစ်လာပါမယ်။ လီဗာပူးအသင်းဟာ […]

ကလော့ပ်ကို လုပ်ခတိုးပေးပြီး စည်းရုံးဖို့ ကြိုးစားခဲ့ခြင်း၊ အမေရိကန် ရာသီကြို ခရီးစဉ်၊ အလွန်ဆိုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

January 30, 2024 LFC2 0

လီဗာပူးနဲ့ စာချုပ် ၁၈ လပဲ ကျန်တော့တဲ့ ဗန်ဒိုက်က အနာဂတ်အကြောင်း မပြောနိုင်သေးဘဲ လီဗာပူးနည်းပြ အပြောင်းအလဲကို စောင့်ကြည့်မယ်လို့ ဆိုပါတယ်။ ကလော့ပ် ရာထူးကနေ နှုတ်ထွက်မယ်လို့ စတင် အကြောင်းကြားချိန်မှာ မိုက်ဂေါ်ဒန်က အသင်းမှာ ဆက်နေဖို့ အကျိတ်အနယ် တားဆီးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကလော့ပ်ရဲ့ […]

ကလော့ပ် ထွက်တော့မှာမို့ မန်နေဂျာသစ်အတွက် လီဗာပူးမှာ ဆက်ရှိနေမလား မေးခွန်းကို တုန့်ပြန်လာပါပြီ

January 29, 2024 LFC2 0

လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပြီး ကလပ်ရဲ့ ရွေးချယ်မှုအပေါ် မူတည်ပြီး အဓိက ကစားသမားတွေရဲ့ အနာဂတ်က အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ မိုဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့ဟာ လီဗာပူးအသင်းနဲ့ စာချုပ် ၁၈ လ ပဲ ကျန်ရှိတော့တာပါ။ သူတို့ကို စာချုပ်သစ် […]

နော်ဝစ်ချ်ပွဲမှာ နံပါတ် ၆ နေရာက ကစားခဲ့တဲ့ မက်ကော်နာရဲ့ စိတ်ကြိုက်နေရာကို ကလော့ပ် ထုတ်ပြော

January 29, 2024 LFC2 0

မနေ့က ယှဉ်ပြိုင်ကစားတဲ့ လီဗာပူး ၅-၂ နော်ဝစ်ချ်ပွဲမှာ လူငယ် ကွင်းလယ်လူ မက် ကော်နာဟာ နံပါတ် ၆ နေရာကနေ သူ့ရဲ့ ပထမဆုံး စီနီယာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ မာကာကို အနားပေးထားချိန် ကွင်းလယ် အတွင်းလူနေရာက ကော်နာ ကစားခဲ့တာဖြစ်ပြီး ကာတစ်ဂျုံး ဂိုးရအောင် […]

မနှစ်ကရာသီ ‘Klopp Out’ လုပ်ခဲ့ကြတည်းက လီဗာပူးကနေ ထွက်လိုပေမယ့် ဇနီးဖြစ်သူ တားဆီး

January 29, 2024 LFC2 0

လီဗာပူးအသင်းကနေ ရာသီကုန်ရင် ကလော့ပ် ထွက်ခွာတော့မှာဖြစ်ကာ ဒီဆုံးဖြတ်ချက်ကိုတော့ မနှစ်ကရာသီ သူ့ရဲ့ ဩဇာ ကျဆင်းမှုဖြစ်ခဲ့စဉ်မှာ စတင် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သောကြာနေ့တုန်းကပဲ နည်းပြကလော့ပ်က ရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တယ်။ သူဟာ နည်းပြဘဝက ၁ နှစ် အနားယူဦးမှာဖြစ်ကာ ပြီးရင်တော့ မန်နေဂျာလောကထဲ […]