နော်ဝစ်ချ်ပွဲမှာ နံပါတ် ၆ နေရာက ကစားခဲ့တဲ့ မက်ကော်နာရဲ့ စိတ်ကြိုက်နေရာကို ကလော့ပ် ထုတ်ပြော

မနေ့က ယှဉ်ပြိုင်ကစားတဲ့ လီဗာပူး ၅-၂ နော်ဝစ်ချ်ပွဲမှာ လူငယ် ကွင်းလယ်လူ မက် ကော်နာဟာ နံပါတ် ၆ နေရာကနေ သူ့ရဲ့ ပထမဆုံး စီနီယာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

မာကာကို အနားပေးထားချိန် ကွင်းလယ် အတွင်းလူနေရာက ကော်နာ ကစားခဲ့တာဖြစ်ပြီး ကာတစ်ဂျုံး ဂိုးရအောင် ကူညီပေးခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကြယ်ပွင့်လေး ထွန်းတောက်လာနိုင်တဲ့ အဓိက နေရာကို ကလော့ပ်က အခုလို ထုတ်ပြောခဲ့ပါတယ်။

” ဂျိမ်စ်ကတော့ သူ့ဘာသာ နံပါတ် ၈ သမားလို့ ခံယူထားမှာပါ ကွင်းလယ်သမားတိုင်းကတော့ အဲ့နေရာက ကစားလိုကြတာပါပဲ။ ဘယ်သူမှတော့ ကစားသမားဘဝ တစ်ခုလုံး နံပါတ် ၆ နေရာက မကစားလိုကြပါဘူး။

ဒါပေမယ့် သူက စမတ်ကျတဲ့ ဘောလုံးသမားပါ။ တိုက်ခိုက်လိုစိတ်၊ ဘောလုံး အမြင် ဒါတွေရှိပါတယ်။ သူက နော်ဝစ်ချ်ပွဲလို နံပါတ် ၆ နေရာကနေ ကောင်းကောင်း ကစားနိုင်ပါတယ်။

ကာတစ်ဂျုံးအတွက် သူလုပ်ပေးတဲ့ ဖြတ်တင်ဘော တစ်ခုတည်းတင် မဟုတ်ဘဲ အခြားသော နေရာတွေမှာလည်း သူက ကစားသမားကောင်းပါ။ သူ အခုလို ကစားနိုင်တာ မြင်ရတာ သိပ်ကောင်းပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဂျိမ်းစ် မက်ကော်နာဟာ ကလော့ပ် ဖလားပွဲမှာ နေရာဆက်ရဦးမှာမို့ နည်းပြကြီး ချန်ရစ်ခဲ့မယ့် နောက်ဆုံး အမွေဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။