အာဖရိကဖလားမှာ တံကောက်ကြော ဒဏ်ရာ ရလာခဲ့တဲ့ ဆာလာဟာ သူ့ရဲ့ လက်ရွေးစင်အသင်း ရှုံးထွက်မှာ ကွန်ဂိုကို အရေးနိမ့် ထွက်ခွာခြင်းကို မာဆေးဆိုဒ်ကနေ ကြည့်နေခဲ့ရပါတယ်။
လက်ရွေးစင်နဲ့ ကလပ်ကြား အကျိတ်အနယ် ဆွေးနွေးပြီးမှ အက်ဆာကို ပြန်ရောက်လာတဲ့ ဆာလာဟာ အီဂျစ်အသင်း ဖိုင်နယ်တက်နိုင်ခဲ့ရင် ပြိုင်ပွဲထံ ပြန်သွားဖို့ စီစဉ်ထားပေမယ့် အခုကတော့ ကြံ့ခိုင်မှု ပြန်ကောင်းလာဖို့ပဲ အာရုံစိုက်ရတော့မှာပါ။
ဆာလာရဲ့ ဒဏ်ရာဟာ ၂၁ ရက်ကနေ ၂၈ ရက်ကြား အနားယူရမယ်လို့ သိထားရပါတယ်။ ဆာလာဟာ ချယ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်၊ အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကိုတော့ လွဲချော်သွားမှာ ဖြစ်ပါတယ်။
ဒီအတိုင်းဆိုရင် သူဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဘန်လေပွဲလောက်ကို အစောဆုံး ပြန်ကစားနိုင်မှာပါ။ ဒါဟာ ဒဏ်ရာကနေ ၃ ပတ်နဲ့ ၂ ရက်ကြာ အနားယူရမှုဖြစ်ပြီး ပိုပြီး သေချာဖို့ဆိုရင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဘရန့်ဖိုဒ့်ပွဲမှာမှ ပါဝင်ခွင့်ပေးဖို့ ဖြစ်ပါတယ်။