နွေမှာ အလွတ်ဖြင့် ခေါ်ဖွယ်ရှိတဲ့ ခံစစ်မှူး၊ ပရိသတ်တွေရဲ့ IQ ကို အထင်မသေးဖို့ ကလော့ပ် သတိပေးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အာဆင်နယ်အသင်းဟာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ လီဗာပူးအသင်းနဲ့ ၂ မှတ်အကွာကနေ ပြန်လည် ဖိအားပေးလာပါတယ်။

သူ ထွက်မယ်လို့ ကြေညာပြီးပြီးချင်း ကစားသမားတွေကို စာချုပ်ကိစ္စ လိုက်မေးနေကြတဲ့ လုပ်ရပ်ဟာ မမှန်ကန်ပါဘူးလို့ ကလော့ပ်က ထုတ်ပြောသွားပါတယ်။

ကလော့ပ် ထွက်တော့မယ်လို့ ကြားသိလိုက်ရချိန် သူ့ရဲ့ အတွေးက ဒီ ၄ လအတွင်း နည်းပြအတွက် အစွမ်းကုန် ကြိုးစားပေးမယ်ဆိုတဲ့ စိတ်တစ်ခုပါပဲလို့ ခံစစ်မှူး ကိုနတေးက ထုတ်ပြောပါတယ်။

ကွင်းလယ်လူ သီယေဂိုဟာ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး ပြန်ဝင်ခဲ့ပြီဖြစ်ကာ ပွဲနေ့ ကြံ့ခိုင်မှုတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ကလော့ပ်ကတော့ သူမရှိတာနဲ့ လီဗာပူးအသင်း ပြိုလဲသွားမယ်လို့ ပြင်ပက ဝေဖန်သူတွေအား လီဗာပူးပရိသတ်တွေရဲ့ IQ ကို လျော့မတွက်ဖို့နဲ့ ကလပ်ဟာ ဒီထက် ခက်ခဲတဲ့ ကာလတွေကိုတောင် တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်လာတာပါလို့ မီဒီယာတွေကို သတိပေးပါတယ်။

ဗန်ဒိုက်က သူ့ရဲ့ အင်တာဗျူးတွေကို အမြင်လွဲအောင် မပြောကြဖို့နဲ့ သူဟာ လီဗာပူးအတွက် အပြည့်အဝ စိတ်နှစ်ထားတယ်လို့ တုန့်ပြန်ပါတယ်။

အားကစားဒါရိုက်တာဟောင်း မိုက်ကယ် အတ်ဝဒ် လီဗာပူးအသင်းထံ ပြန်လာမယ်လို့ သတင်းထွက်နေတာက မမှန်ပါဘူး။ အတ်ဝဒ်ဟာ တူညီတဲ့ ရာထူးနဲ့ ဘောလုံးလောကထဲ ပြန်ဝင်လာဖွယ် မရှိပါဘူး။

အန်ဖီးမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်ပွဲမှာ အိုဒီဂတ်ရဲ့ လက်ထိဘောကို ပင်နယ်တီပေးခဲ့ခြင်း မရှိတဲ့ ဒိုင်လူကြီးက ဒီအပတ် လီဗာပူး vs ချယ်ဆီး ပွဲကို ကိုင်တွယ်ပါမယ်။

ဖူလ်ဟမ် ခံစစ်သမား Adarabioyo ဟာ ရာသီကုန်ရင် အလွတ်နဲ့ ထွက်ခွာမှာဖြစ်ကာ အသက် ၂၆ နှစ်အရွယ် ခံစစ်သမားဟာ လီဗာပူးနဲ့ သတင်းတွေ ထွက်နေပါတယ်။