လီဗာပူးနဲ့ စာချုပ် ၁၈ လပဲ ကျန်တော့တဲ့ ဗန်ဒိုက်က အနာဂတ်အကြောင်း မပြောနိုင်သေးဘဲ လီဗာပူးနည်းပြ အပြောင်းအလဲကို စောင့်ကြည့်မယ်လို့ ဆိုပါတယ်။
ကလော့ပ် ရာထူးကနေ နှုတ်ထွက်မယ်လို့ စတင် အကြောင်းကြားချိန်မှာ မိုက်ဂေါ်ဒန်က အသင်းမှာ ဆက်နေဖို့ အကျိတ်အနယ် တားဆီးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ရပါတယ်။
မာဆေးဆိုဒ် သတင်းဌာနရဲ့ အဆိုအရ ဂေါ်ဒန်ဟာ ဟာသနှောပြီး အသင်းမှာ ဆက်နေမယ်ဆိုရင် လုပ်ခသစ်နဲ့ စာချုပ်သစ် ပြင်ဆင်ပေးဖို့ကို တွန့်တိုနေမှာ မဟုတ်ဘူးလို့ ပြောခဲ့သေးပေမယ့် နှစ်ဦးသား ရယ်ရယ်မောမော အခြေအနေနဲ့ပဲ ပြီးဆုံးခဲ့ရပါတယ်။
ကြားရက် လီဗာပူးနဲ့ပွဲမှာတော့ ချယ်ဆီး တိုက်စစ်သမား အန်ကွန်ကူ ပြန်ပြီး ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။
လီဗာပူးအသင်းဟာ လာမယ့်နွေမှာ အမေရိကန်ကို ရာသီကြို ထွက်ခွာမှာဖြစ်ကာ ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့ ခြေစမ်းပွဲ ကစားသွားဖို့ စီစဉ်ထားပါတယ်။
ညာအစွန်လူ ကယ်ဗင်ရမ်ဆေးဟာ ဇန်နဝါရီမှာ ဘော်တန်အသင်းထံ အငှားထွက်ဖွယ်ရှိကာ ဘရတ်ဒလေနည်းတူ ကစားသမားဘဝ တိုးတက်မှုတွေကို အောက်လိဂ်တွေမှာ သွားရောက် တည်ဆောက်ဖွယ် ရှိပါတယ်။
Bring Xabi Alonso to Anfield in the summer. 😍 pic.twitter.com/tCjm0Vjdon
— Samuel (@SamueILFC) January 29, 2024
လီဗာပူးအသင်းနဲ့ အလွန်ဆိုကြားမှာ သဘောတူညီမှုရဖို့ အဝေးကြီး လိုအပ်နေသေးပြီး တရားဝင် စကားပြောမှုတွေ လုပ်မလာသေးဘူးလို့ စပိန်သတင်းထောက်တွေက ဆိုပါတယ်။
လီဗာပူးဘက်က သတင်းတွေမှာတော့ လာမယ့် အပတ်တွေထဲ ကလပ် တာဝန်ရှိသူတွေဟာ အလွန်ဆိုကို ချဉ်းကပ်မှု စတင်မယ်လို့ ဖော်ပြနေပါတယ်။
အာဆင်နယ် ဂန္တဝင် အီရန်ရိုက်က သူဟာ လီဗာပူးဖန်းဖြစ်လုဖြစ်ခင် အဆင့်ကို ရောက်နေပြီလို့ ဝန်ခံခဲ့ကာ ကလော့ပ် ထွက်ခွာသွားခြင်းကို သိပ်ဝမ်းနည်းမိတယ်လို့ ထုတ်ပြောလာပါတယ်။
ရော်ဘတ်ဆန် သက်သာလာပြီမို့ လူငယ် ဘယ်အစွန်လူ အိုဝင်ဘက်ဟာ Dundee အသင်းထံ အငှားပြန်ထွက်သွားပြီ ဖြစ်ပါတယ်။