မာကာ အရန်မှာ ပြန်ပါလာပြီး ဆာလာ၊ ဒါဝင် ဆက်လက် ဦးဆောင်မယ့် နယူးကာဆယ်ပွဲ ပွဲထွက် လူစာရင်း ခန့်မှန်းခြင်း

နှစ်သစ်ရဲ့ အစပွဲစဉ် ဖြစ်တာရယ်၊ ဒီပွဲနိုင်ရင် ဇယားထိပ်ကို ၅ မှတ် ဖြတ်ထားနိုင်မှာရယ်တွေကြောင့် အန်ဖီးကွင်းမှာ ပရိသတ်တွေကလည်း ပြင်းထန်တဲ့ အားပေးမှုတွေ ပြုလုပ်လာဖို့ ရှိပါတယ်။

နယူးကာဆယ်ဟာ ဒီရာသီမှာ ရလဒ်တွေ မငြိမ်ဖြစ်နေပေမယ့် အသင်းကောင်းတစ်သင်း ဖြစ်သလို ဒီပွဲမှာ ရေပန်းစားမှု နည်းနေတာမို့ ဖိအားမရှိတဲ့ အသင်းဖြစ်တာကို သတိပြုမိဖို့ လိုအပ်ပါတယ်။

Team news

မက်ကယ်လစ္စတာ အသင်းလိုက် လေ့ကျင့်ရေး ပြန်ပါလာခဲ့ပါပြီ၊ နယူးကာဆယ်ပွဲမှာတော့ အရန်ကနေ ပါဝင်လာမယ် မျှော်လင့်ရပါတယ်။

ရော်ဘတ်ဆန်ရဲ့ ဒဏ်ရာက ပြန်သက်သာလာဖို့ အတော်လိုသေးပြီး ဒီလအကုန်လောက်မှ အသင်းလိုက် လေ့ကျင့်ရေး ပြန်ဝင်နိုင်ဖွယ် ရှိပါတယ်။

သီယေဂိုနဲ့ ဘာဂျ်ဆီတစ်တို့ ပြန်ကစားနိုင်ဖို့ နီးနေဟန်ရှိပေမယ့် ကာလရှည် ဒဏ်ရာတွေက သက်သာလာတာမို့ အချိန်တော့ ပေးရပါမယ်။

Liverpool’s XI vs. Newcastle

ဘန်လေကို အနိုင်ရခဲ့တဲ့ ပွဲတုန်းက ခံစစ်ကြောင်းမှာ ကွမ်းဆက် ပါဝင်ခဲ့ပေမယ့် နယူးကာဆယ်ပွဲကြိုမှာတော့ သူ့ကို မမြင်ခဲ့ရပါဘူး။ အယ်လီဆန်၊ ထရန့်၊ ဗန်ဒိုက်၊ ကိုနတေးနဲ့ ဂိုးမက်စ်တို့ ဆက်ပြီး ပွဲထွက်လာမှာပါ။

ကွင်းလယ်မှာတော့ ကာတစ်ဂျုံးနဲ့ ဆိုဘိုစလိုင်တို့ ပြန်လည် ပါဝင်လာပြီး အန်ဒိုနဲ့ တွဲဘက်ကြဖွယ် ရှိပါတယ်။ မက်ကယ်လစ္စတာ ပြန်သက်သာလာပေမယ့် သူ့ကို အရန်မှာပဲ ထည့်ထားကာ ကြားရက် ဖလားပွဲတွေမှာ ပွဲထွက်ကနေ ပြန်သုံးနိုင်ပါတယ်။

တံကောက်ကြောကနေ သက်သလာစ ဂျိုတာလည်း အရန်စာရင်းကပဲ ပါဝင်ခွင့် ရလာဖွယ် ရှိပြီး ဒါဝင်၊ ဆာလာ၊ ဒီယက်စ်အတွဲကို ပွဲထုတ်မယ်လို့ ခန့်မှန်းရပါတယ်။ နည်းပြကလော့ပ် အနေနဲ့ ဒီပွဲအပြီး ဆာလာကို လက်လွတ်ရမှာမို့ ညာခြမ်း နေရာအတွက် ဂျိုတာကို တည်လာမလား စောင့်ကြည့်ရပါမယ်။