အခွင့်အရေး ဖြုန်းတီးမှု
ဒီပွဲကို မကြည့်လိုက်ရသူတွေကတော့ လီဗာပူးကစားသမားတွေ ဘယ်လောက်တောင် အခွင့်အရေး ဖြုန်းတီးသလဲ သိလိုက်ကြမှာ မဟုတ်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာ အဆုံးသတ်ပိုင်း ကန်သွင်းဖို့ လေ့ကျင့်ကြရဲ့လား သံသယဝင်ဖို့ ကောင်းအောင်ကို နယူးကာဆယ် ဂိုးပေါက်ထဲမှာ ရှယ်ဖြုန်းခဲ့ကြပါတယ်။
ခံစစ်လိုင်းကို မြင့်ထားပြီး ဘောလုံး ဖိအားပေး ရယူပုံတွေက ကောင်းပါတယ်၊ ပြိုင်ဘက်ခြမ်းမှာ ခပ်မြန်မြန် ဘောလုံးတွေပေးပြီး တရစပ် ထိုးဖောက်ဖို့ ဦးတည်မှုကလည်း ကောင်းပါတယ်။ ဒါပေမယ့် အဆုံးသတ်ရတော့မယ့် အခြေအနေအတွက် ဘောလုံးပေးပြီဆိုတာနဲ့ လွဲတော့တာပါပဲ။
ပထမပိုင်းမှာ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာ သွင်းဂိုး ၄ ဂိုးရခဲ့တယ်ဆိုပေမယ့် မိနစ် ၉၀ လုံးလုံးမှာ အသင်းဖြုန်းတီးခဲ့တဲ့ အခွင့်အရေးက ရခဲ့တဲ့ ဂိုးရဲ့ ၄ ဆ ၅ ဆလောက်ထိ များပါလိမ့်မယ်။
လိုသုံးမဟုတ်တဲ့ ကာတစ်ဂျုံး
Curtis Jones is the new Gini Wijnaldum for Jürgen Klopp and Liverpool.
An unsung hero in and out of possession amongst the rake of stars around him.
He’d be regarded as world class if he was signed for £60m from a foreign league 👍😎 pic.twitter.com/Ljha9EueXR
— EBL (@EBL2017) January 1, 2024
ဒီနေ့ပွဲမှာ ထူးချွန်တဲ့ ခြေစွမ်းကို ပြသခဲ့သူတွေထဲ တစ်ဦးကတော့ ကာတစ်ဂျုံးပဲ ဖြစ်ပါတယ်။ မနှစ်ကရာသီ စနစ်သစ်ပြောင်းလဲကတည်းက ဂျုံးဟာ ဘယ်ခြမ်း ကွင်းလယ်လူ နေရာမှာ အတော်လေး ထူးချွန်ခဲ့တာပါ။ ဒီရာသီ ဒဏ်ရာ ပြဿနာကြောင့် သူ့ရဲ့ ပုံမှန် ပွဲထွက်ခွင့်က မသေချာဖြစ်လာခဲ့ပါတယ်။
နယူးကာဆယ်ပွဲအတွင်း ဘောလုံး ဆုံးရှုံးချိန်တွေမှာ ရအောင် ပြန်လုယူဖို့ သူ့ရဲ့ တရစပ် လှုပ်အားနှုန်းနဲ့ ခပ်သွက်သွက် ကစားနိုင်ခြင်းတွေက ကျေနပ်ဖို့ကောင်းပါတယ်။ ဘောလုံးထိန်းထားပေးတာ ကောင်းတယ်၊ တစ်ဦးချင်း ယှဉ်လုမှုတွေမှာလည်း အကြိမ်တိုင်းနီးပါး အနိုင်ရတယ်၊ သူက ဂိုးတွေကို အနံ့ခံနိုင်စွမ်းလည်း ရှိလာနေတယ်။
မေးခွန်းတစ်ခုရှိတာက ဘယ်အစွန်မှာ ဂိုးမက်စ် ခြေစွမ်းတည်ငြိမ်နေတာနဲ့ အန်ဒိုရဲ့ နံပါတ် ၆ နေရာ အထိုင်ကျနေမှုက သူ့အတွက် အကူအညီ ဖြစ်နေသလားပါပဲ။
ဒါဝင်လွဲနေတာလား ဒူဘရာကာ ကောင်းလွန်းတာလား
— . (@utddojacomps) January 1, 2024
ဒီပွဲမှာ ဒါဝင်ဟာ ခက်ခဲလှတဲ့ မိနစ် ၆၀ ကျော်ကို ရင်ဆိုင်ခဲ့ရပါတယ်။ သူဟာ အကြိမ်ပေါင်းများစွာ ကြိုးစားပြီး နယူးကာဆယ် ခံစစ်ကို ထိုးဖောက်လို့ ဂိုးရအောင် ကြိုးစားပေမယ့် ဂိုးသမား ဒူဘရာကာကို မကျော်နိုင်ခဲ့ပါဘူး။
သူ့ရဲ့ တစ်ဦးချင်း အဆုံးသတ်မှု ညံ့တာကိုပဲ ဝေဖန်ရမလား ဂိုးသမား ဒူဘရာကာ လက်စွမ်းကောင်းတာကိုပဲ ချီးကျူးရမလားလဲ မသဲကွဲတော့ပါဘူး။
ဒုတိယပိုင်းအစမှာတင် ဆာလာ ဂိုးသွင်းနိုင်ဖို့ ဒါဝင်က ရက်ရောလှတဲ့ ဖန်တီးမှုကို လုပ်ပေးခဲ့ပါတယ်။ ဘာမှမဟုတ်တဲ့ အခြေအနေကနေ အန္တရာယ်များတဲ့ တိုက်စစ်ထိုးဖောက်မှု ဖြစ်လာဖို့ ဒါဝင်ထံက ကြိုးစားမှုတွေ မြင်ခဲ့ရပေမယ့် သူ့ရဲ့ အဆုံးသတ်ပိုင်းတွေကတော့ အကောင်းမြင်ပေးဖို့ရာ ခက်ခဲလှပါတယ်။
ဆာလာကို ဝေဖန်လိုရင် မိနစ် ၉၀ ပြည့်အောင် စောင့်ဖို့လိုမယ်
ပထမပိုင်းမှာ ပင်နယ်တီကို လွဲချော်ခဲ့တဲ့ ဆာလာဟာ ဒုတိယပိုင်း လီဗာပူးအသင်း ပွဲကို ဦးဆောင်နိုင်ရေး အဓိကကျခဲ့သူ ဖြစ်ပါတယ်။ ညာခြမ်းမှာ သူ ဘောလုံးဆွဲယူလာတိုင်း နယူးကာဆယ် ခံစစ်ကြောင်းက ပြာယာခတ်စွာ ခုခံကြရပါတယ်။
ထူးထူးခြားခြားဖြစ်ရပ် အနေနဲ့ ဆာလာဟာ ပထမပိုင်းမှာ ခြေစွမ်းမပြနိုင်လို့ သူ့ရဲ့ ဘောလုံးကန်ဖိနပ်ကို ဒုတိယပိုင်းမှာ လဲပစ်ခဲ့ပါတယ်။ ဖိနပ်ကြောင့်လား တိုက်ဆိုင်တာလား မသိပေမယ့် မိုရဲ့ ဒုတိယပိုင်း ခြေစွမ်းကတော့ ကမ္ဘာ့အဆင့်ပါပဲ။ တစ်စုံတစ်ယောက်က ဆာလာကို ဝေဖန်လိုရင် ပွဲပြီးမှ ဝေဖန်ကြဖို့ သင့်ပါတယ်။
ပရီးမီးယားလိဂ်ဖိအား
ပရီးမီးယားလိဂ်မှာ ကြောက်စရာ အကောင်းဆုံးက ထိပ်ဆုံး ရောက်နေချိန်မှာ ဝိုင်းပြီး ထိုးနှက်ကြမယ့် ချန်ပီယံဖိအားဖြစ်ပါတယ်။ ယာဂင်ကလော့ပ်ရဲ့ အတိတ်က လီဗာပူးအသင်းဟာ ဒီဖိအားတွေကို အကောင်းဆုံး တုန့်ပြန်နိုင်ခဲ့တာမျိုးကို မြင်ခဲ့ရဖူးပါတယ်။
ဒီကရှေ့ အယ်လီဆန်၊ ဗန်ဒိုက်၊ ဆာလာတို့ရဲ့ ဦးဆောင်နိုင်စွမ်းကပဲ ဝိုင်းပြီး ဖိအားပေးခြင်း ခံလာရမယ့် လီဗာပူး အဝတ်လဲခန်းကို ခြေချော်မသွားဖို့ အဓိကကျလာပါလိမ့်မယ်။