

နယူးကာဆယ်ပွဲမှာ ကိုယ်တိုင် ဂိုး ၂ ဂိုးသွင်းယူပြီး အသင်းဖော် ဂက်ပို ဂိုးသွင်းနိုင်ဖို့ ဖန်တီးမှု လုပ်ပေးခဲ့တဲ့ ဆာလာဟာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။
ပရီးမီးယားလိဂ် သွင်းဂိုး ၁၅၀ ပြည့်ခဲ့ပြီဖြစ်တဲ့ ဆာလာဟာ ပထမပိုင်းမှာ ဒီယက်စ်ကြောင့် ရလာတဲ့ ပင်နယ်တီကို အဆုံးသတ်ရာမှာ ဂိုးသမား ကာကွယ်ခြင်း ခံခဲ့ရပါတယ်။ ပထမပိုင်း ၄၅ မိနစ်မှာ ဆာလာဟာ သွင်းဂိုးလည်း မရခဲ့ပါဘူး။
ဒုတိယပိုင်းမှာတော့ ဆာလာက အခြား ဖိနပ်တစ်ခုနဲ့ ကွင်းထဲ ဝင်လာခဲ့ပြီး ကမ္ဘာ့အဆင့် ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးကတော့ အယူတွေ မရှိပေမယ့် စိတ်အေးချမ်းစွာ ကစားနိုင်ဖို့ ဒုတိယပိုင်းမှာ ဖိနပ်လဲခဲ့ကြောင်းကို ရှင်းပြခဲ့ပါတယ်။
Salah changed his boots after half time 😭? pic.twitter.com/NVUcv1bdcP
— 💎 (@TrentroleLFC) January 1, 2024
မိုဆာလာကပဲ ‘ ကျနော် ပင်နယ်တီ လွဲခဲ့ပါတယ်။ အဝတ်လဲခန်းမှာ လက်ရွေးစင်အသင်းကို ဒီခြေစွမ်းနဲ့တော့ မသွားချင်ဘူးလို့ တွေးမိခဲ့တယ်။ ကျနော် အာရုံစိုက်ပြီး ပိုကောင်းကောင်းကစားပြချင်တယ်။ ဒါကြောင့် ဘောလုံးကန်ဖိနပ်ကို လဲခဲ့တာပါ။
ပင်နယ်တီ လွဲခဲ့တဲ့ ဖိနပ်က အရင်ရက်တုန်းက လေ့ကျင့်ရေးမှာ စသုံးခဲ့တာဖြစ်ပါတယ်။ ကျနော်က အယူတွေဘာတွေ ရှိနေတာမျိုး မဟုတ်ဘူး။ ကျနော်မှာ ဘောလုံးကန်ဖိနပ်တွေမှ အများကြီးပါ။ ခံစားချက် မကောင်းနေတဲ့ ဖိနပ်ကို လဲလိုက်တာကပဲ ကောင်းမယ်လို့ စဉ်းစားမိခဲ့ပါတယ်။
ဒုတိယပိုင်းကို ဒီဖိနပ်ကြီး ဂိုးမဝင်ခဲ့ဘူး ဆိုတဲ့ ခံစားချက်မျိုးနဲ့ ဝင်မကန်ချင်ဘူးလေ။ စိတ်ကို အေးအေးဆေးဆေးဖြစ်ပြီး ပွဲကို အာရုံစိုက်နိုင်ဖို့ ဖိနပ်လဲလိုက်တာ ဖြစ်ပါတယ် ‘ လို့ ရှင်းပြသွားခဲ့ပါတယ်။