ငြင်းမနေကြပါနဲ့၊ ဂျိုတာ ဒိုင်ဗင်ပစ်ခဲ့တာ မဟုတ်ပါဘူးလို့ ပွဲအပြီးမှာ ဝန်ခံသွားတဲ့ နယူးကာဆယ် ဂိုးသမား

ဒီယေဂို ဂျိုတာဟာ နယူးကာဆယ်ပွဲမှာ ပွဲချိန် ၈၀ ကျော်အတွင်း နယူးကာဆယ် ဧရိယာထဲမှာ ဂိုးရယူဖို့ ကြိုးစားစဉ် ပြိုင်ဘက် ဂိုးသမားနဲ့ ထိတွေ့မှု ဖြစ်ခဲ့ပါတယ်။

ကိုယ့်ဘက် ဧရိယာထိပ်ကနေ မက်ကယ်လစ္စတာ မတင်ပေးလိုက်တဲ့ လက်ဖျားခါလောက်တဲ့ ပေးချက်ကောင်းက တစ်ဆင့် ဂျိုတာကပဲ လူကျွံ ထောင်ခြောက်ကို ဖောက်ထွက်ကာ ဂိုးသမားနဲ့ တစ်ဦးချင်း ထိပ်တိုက်တွေ့ခဲ့တာပါ။

ဂိုးသမားကိုပါ လှည့်ခေါက်ပြီး အဆုံးသတ်ဖို့ ကြိုးစားစဉ်မှာ နယူးကာဆယ် ဂိုးသမားရဲ့ လက်နဲ့ သူ့ရဲ့ ခြေထောက် ထိခဲ့ရာက လဲကျခဲ့ပါတယ်။ ပွဲကို တင်ဆက်နေတဲ့ ဂယ်ရီနဗီးက ပေါ်တူဂီလက်ရွေးစင်ဟာ ပွဲအတွင်း ဒိုင်ဗင်ထိုးတယ်လို့ ကြေညာရာကနေ ကစားသမားဟောင်းကြီးတွေကလည်း ဝေဖန်မှု လုပ်ခဲ့ာကပါတယ်။

ပွဲအပြီးမှာ အာဆင်နယ် ကစားသမားဟောင်း အီရန်ရိုက်က ဂျိုတာဟာ ကိုယ်တိုင် ဘောလုံးကန်သွင်းခြင်း မလုပ်ဘဲ ဒိုင်ဗင် ပစ်ခဲ့တယ်လို့ X က တစ်ဆင့် ဝေဖန်ခဲ့တယ်။ ဂျွန်တယ်ရီက ဒီဖြစ်ရပ်ကို ပင်နယ်တီ ပေးတာအတွက် VAR ကို အပြစ်တင်သလို နယူးကာဆယ် ဂန္တဝင်ကြီး အလန်ရှီးယားကလည်း ပေါက်ကွဲခဲ့ပါတယ်။

ပွဲအပြီးမှာ နယူးကာဆယ် ဂိုးသမားကပဲ သူနဲ့ ဂျိုတာကြားမှာ ထိတွေ့မှုရှိခဲ့ပါတယ် အငြင်းပွားစရာ မလိုတဲ့ ပင်နယ်တီပါလို့ ဝန်ခံခဲ့ပါတယ်။

ဒူဘရာကာက ” ကျနော် စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ဂျိုတာက အတော်လေး ပါးနပ်တဲ့ ကစားသမားပါ။ ကျနော်က ဘောလုံးကို ကာကွယ်ဖို့ လက်ကို ဆန့်ထုတ်ခဲ့တာဖြစ်ပြီး ဂျိုတာကို တားဆီးဖို့ မရည်ရွယ်ခဲ့ပါဘူး။

ထိတွေ့မှုရှိခဲ့တာကို ကျနော် ခံစားမိလိုက်ပါတယ်။ ဒါပေမယ့် အဲ့လို မလုပ်ရင် ကျနော် ဘာလုပ်ရမှာလဲ မသိတော့ဘူးလေ။ အဆုံးမှာတော့ အဲ့ဖြစ်ရပ်ကို ပင်နယ်တီ ပေးခဲ့ရပါတယ်။ အဲ့တာအတွက် ဘာမှ အငြင်းပွားနေကြဖို့ မလိုပါဘူး။ VAR လည်း ရှိနေတာပါပဲ။

ကျနော် ဘာပြောရမယ်တော့ မသိပါဘူး။ ဆာလာရဲ့ နောက်ထပ် ပင်နယ်တီ တစ်ကြိမ်ကို ကာကွယ်ဖို့ လုပ်ခဲ့ပေမယ့် ပင်နယ်တီဆိုတာက အလောင်းအစား ဆန်လွန်းခဲ့ပါတယ် ” လို့ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။