ဂျုံးကို ချိန်ရွယ်လာတဲ့ အာဆင်နယ်၊ အမ်ဘာပေ ဖော်ပြချက်၊ အဝေးကွင်း ဂျာစီသစ်နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

မိုဆာလာ အာဖရိကပွဲ သွားကစားစဉ် အသင်းရဲ့ ပင်နယ်တီ တာဝန်တွေကို ဒါဝင်၊ ဆိုဘိုနဲ့ မာကာတို့ထဲက တစ်ဦးဦး တာဝန်ယူသင့်တယ်လို့ ထောက်ခံခြင်း ခံရနေပါတယ်။ သူတို့ထဲမှာ ၁၀၀% ပင်နယ်တီ အဝင် မှတ်တမ်းရှိသူက ဒါဝင်ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို အလွတ်ဖြင့် ခေါ်ယူနိုင်ကြောင်း ပြင်သစ်သတင်းတွေက ဖော်ပြနေဆဲဖြစ်ပါတယ်။

ဘာသာရေး ကိုင်းရှိုင်းတဲ့ ဘော်ဘီကတော့ သူဟာ လီဗာပူးအသင်း နိုင်ပွဲတွေရဖို့ ဆုဖလားတွေ အောင်မြင်ဖို့ ဆက်လက် ဆုတောင်းပေးနေဆဲလို့ ဝန်ခံလိုက်ပါတယ်။ သူကတော့ လီဗာပူးကို သူ့ရဲ့အိမ်၊ သူ့ရဲ့မိသားစု အစိတ်အပိုင်းအဖြစ် ခံယူထားကြောင်း ရိုးရှင်းစွာ ဖွင့်ဟသွားပါတယ်။

ကာဗာရိုအပြင် ဘယ်အစွန်လူ အိုဝင်ဘက်ကိုလည်း လီဗာပူးအသင်းက ပြန်လည် ခေါ်ယူထားပါတယ်။ ကာဗာရိုကို အငှားခေါ်ယူလိုတဲ့ အသင်းထဲ အံ့အားသင့်ဖွယ် အဖြစ် အဲဗာတန်လည်း ပါဝင်လာပါတယ်။

လီဗာပူးအသင်းဟာ လိုင်လီအသင်းမှ အသက် ၁၈ နှစ်အရွယ် ခံစစ်မှူး လီနီ ယိုရိုကို သဘောကျနေပါတယ်။ ၎င်းအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပြင်သစ်ကလပ်က ပေါင် ၇၈ သန်း ဝန်းကျင်ရလိုပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ အဝေးကွင်း ဂျာစီ ဒီဇိုင်း ပေါက်ကြားလာနေပါတယ်။ အနက်ရောင်ဘက်ကို များတဲ့ စိမ်းပြာရောင် ကာလာလို့ သိရပါတယ်။

ဇယားထိပ်ရောက်နေတဲ့ လီဗာပူးအသင်းမှာ ကွင်းလယ်လူ ကာတစ်ဂျုံးရဲ့ ခြေစွမ်းပိုင်းဟာ သတိပြုမိစရာဖြစ်လာနေပါတယ်။ ဒီလကုန်ရင် အသက် ၂၃ နှစ်ပြည့်မယ့် ဂျုံးဟာ လက်ရှိ လီဗာပူးအသင်းရဲ့ အကောင်းဆုံး နံပါတ် ၈ သမားအဖြစ်ပါ ထောက်ခံမှုတွေ ရလာနေပါတယ်။

နွေတုန်းက ကာတစ်ဂျုံးအတွက် ပေါင် သန်း ၄၀ တန် ကမ်းလှမ်းမှုကို လီဗာပူးအသင်း ငြင်းဆန်ခဲ့ဖူးပါတယ်။ လက်တလောမှာ အာဆင်နယ်က ဂျုံးကို ချိတ်ဆက်နေပြီး နွေမှာ ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း သတင်းတွေ ထွက်လာပါတယ်။

လီဗာပူးအသင်းဟာ အားလုံးကို စိတ်လျော့ထားစေချင်တဲ့ သဘောမျိုးတွေ ပြသနေပေမယ့် အားလုံး အံ့ဩသင့်မယ့် အပြောင်းအရွှေ့မျိုး ပြုလုပ်ဖို့လည်း ဝန်လေးမနေဘူးလို့ သိရပါတယ်။ လီဗာပူးဘက်က စျေးကွက်ထဲ မဝင်မယ့် သဘောမျိုး ပြသနေပေမယ့် မျက်လုံးစုံမိတ် ယုံလို့မရကြောင်း The Athletic က ဖော်ပြသွားပါတယ်။