

ကာဗာရိုကို အငှားခေါ်ယူလိုတဲ့ ကလပ် ၅ သင်းလောက် ရှိပေမယ့် ကစားသမားကတော့ လာမယ့်ရာသီ လီဗာပူးအသင်းမှာ ဆက်ရှိလိုတာကြောင့် ပွဲကစားခွင့်လို အာမခံချက်ပေးမယ့် အသင်းထံပဲ ပြောင်းလိုနေပါတယ်။
အင်္ဂလန်နဲ့တကွ ဥရောပ သတင်းထောက်တွေက လီဗာပူးအသင်း ဇန်နဝါရီမှာ လူခေါ်မှု ရှိမယ်လို့ ပြောနေကြချိန် လီဗာပူး နာမည်ကျော် သတင်းထောက် Paul Joyce ကတော့ လူသစ်ခေါ်ယူမှု ရှိမှာ မဟုတ်ကြောင်း ငြင်းဆန်လိုက်ပါတယ်။
လီဗာပူးအသင်းဟာ မတ်လ နောက်ပိုင်းမှာ အားကစားဒါရိုက်တာ ရှမတ်ကီနဲ့ စကားပြောကြဖွယ် ရှိပါတယ်။ ရှမတ်ကီနဲ့ ကလော့ပ်ကြား ဆက်ဆံရေးကောင်းတွေကြောင့် အခုချိန်ထိတော့ ဂျာမာန်သားနဲ့ လမ်းခွဲမယ့် ကိစ္စက မသေချာသေးပါဘူး။
ရိုင်ဝီလီယမ်၊ အိုဝင်ဘက်၊ ကာဗာရိုနဲ့ နက်ဖီးလစ်တို့ ၄ ဦးဟာ ရာသီဝက်မှာ လီဗာပူးအသင်းထံ ပြန်လာကြပြီ ဖြစ်ပါတယ်။
ကာဗာရိုကို ဖူလ်ဟမ်အသင်းက အငှားခေါ်ယူလိုနေပြီး နက်ဖီးလစ်အတွက် အငှား ကမ်းလှမ်းမယ့် အသင်းတွေ ထွက်ပေါ်နေပါတယ်။
လီဗာပူးရဲ့ ပြန်လည် ကြံ့ခိုင်ရေး အစီအစဉ်မှာ ကွင်းလယ်လူ သီယေဂိုကို ပြန်မြင်နေရပါပြီ။ ဒီလထဲ ဒါမှမဟုတ် ဖေဖော်ဝါရီလမှာ သီယေဂို အသင်းလူစာရင်းထဲ ပြန်ပါလာဖွယ် ရှိနေပါတယ်။
လီဗာပူးအသင်း အခုလို ဇယားထိပ်ကို ပြန်ရောက်လာခြင်းဟာ ကွင်းလယ် ခံစစ်နေရာမှာ ဝါတာရု အန်ဒိုရဲ့ အံ့မခန်း ဖြည့်ကစားပေးနိုင်ခြင်းကြောင့်လို့ ချီးကျူးခံနေရပါတယ်။
ဆာလာကို ဆော်ဒီကလပ်တွေဘက်က စိတ်ဝင်စားနေပေမယ့် တိုက်စစ်မှူးက ၂၀၂၅ နောက်ပိုင်းမှာ လီဗာပူးအသင်းနဲ့ စာချုပ် သက်တမ်းတိုးမလား အခြေအနေကို လေ့လာနေတယ်လို့ သိရပါတယ်။
ခံစစ်မှူး ဗန်ဒိုက်ဟာ FIFPro World 11 စာရင်းထဲ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လို့ ဆာလာကိုတော့ ရွေးချယ်ခဲ့ခြင်း မရှိပါဘူး။
လီဗာပူးအသင်းဟာ စီးရီးအေရဲ့ အကောင်းဆုံး ball-winner သမားအဖြစ် နာမည်ရနေတဲ့ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူ Morten Frendrup ကို စောင့်ကြည့်မှု လုပ်နေပါပြီ။