ဒီအပတ် တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ အာဆင်နယ်အသင်း အိမ်ကွင်း အမ်းမရိတ်ထံ သွားရောက်ကာ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာတီတာရဲ့ အသင်းက အိမ်ရှင်အဖြစ် ဧည့်ခံရမှာ ဖြစ်ပေမယ့် သူတို့အသင်းရဲ့ အစဉ်အလာဖြစ်တဲ့ အနီနဲ့ အဖြူရောင် အိမ်ကွင်း ဂျာစီကို ဝတ်ဆင်သွားမှာ မဟုတ်ပါဘူး။
ဒါ့အပြင် လီဗာပူးကို ရင်ဆိုင်ကစားရာမှာ အမ်းမရိတ်ကွင်းအတွင်း ပထမဆုံးအကြိမ် အဖြစ် အထက်အောက် အဖြူရောင် ဂျာစီကိုပဲ ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ ဒါဟာ သွေးထွက်သံယို မူခင်းတွေကို ဆန့်ကျင်တဲ့ “No More Red” ကမ်ပိန်းအတွက် အစိတ်အပိုင်းအဖြစ် ပါဝင် ကူညီခြင်းလို့ သိရပါတယ်။
အာဆင်နယ်က အနီရောင်ကို မရွေးချယ်တာကြောင့် လီဗာပူးအသင်းကတော့ အိမ်ကွင်းဂျာစီ အနီရောင်ကို ဒီပွဲမှာ ဝတ်ဆင်ခွင့်ရှိပါတယ်။ ဒါပေမယ့် လီဗာပူးအသင်းကလည်း ခရမ်းရောင် ဂျာစီကိုပဲ ဝတ်ဆင်ကာ အဆိုပါ ကမ်ပိန်းအတွက် တစိတ်တပိုင်း ပါဝင်ကူညီသွားမှာ ဖြစ်ပါတယ်။
အက်ဖ်အေဖလား ပွဲစဉ်အပြီး ၃ ရက်အကြာမှာတော့ လီဗာပူးအသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ပထမအကျော့အဖြစ် အန်ဖီးကွင်းမှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။