

ဒီဇင်ဘာလရဲ့ လီဗာပူး အကောင်းဆုံး ကစားသမား ဆုရှင် အန်ဒိုကတော့ သူဘာလုပ်နိုင်လဲ သက်သေပြနိုင်ခြင်းအတွက် ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
လီဗာပူးအသင်းဟာ ဂျော့ရှမတ်ကီကို စာချုပ်သက်တမ်း တိုးနိုင်ပေမယ့် သူဟာ အားကစားဒါရိုက်တာ တာဝန်ကို အပြည့်အဝ ရယူခွင့်ရှိမှာ မဟုတ်ဘဲ အရေးကြီး ဆုံးဖြတ်ချက်တွေကို ကလော့ပ် အပါအဝင် ဒါရိုက်တာအဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ homegrown ကစားသမားဖြစ်တဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ ကာတစ်ဂျုံးကို ရောင်းထုတ်မှာ ဖြစ်ပါဘူး။ ဂျုံးဟာ လီဗာပူးမှာ တစ်ပတ်လုပ်ခ ပေါင် ၆၇၀၀၀ ရနေသူဖြစ်ကာ ၂၀၂၇ ခုနှစ်ထိ စာချုပ်သစ်လည်း ချုပ်ဆိုထားပါတယ်။
အမေရိကန်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲကို ကြည့်ရှုသူ အများဆုံးအဖြစ် ဒီဇင်ဘာလတုန်းက လီဗာပူး ၁-၁ အာဆင်နယ်ပွဲကို ပရိသတ် ၁.၉၆ သန်းထိ စံချိန်တင် ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိ လီဗာပူးအသင်းအတွက် သီယေဂိုရဲ့ အတွေ့အကြုံနဲ့ ဆက်သွယ် ပြောဆိုပေးနိုင်စွမ်းက အဓိကကျလိမ့်မယ်လို့ ဖာဘင်ညိုက ဆိုပါတယ်။ သီယေဂိုဟာ အင်္ဂလိပ်ကော စပိန်လိုပါ အကောင်းဆုံး ပြောဆိုနိုင်သူ ဖြစ်ပါတယ်။
ဂုဏ်သိက္ခာရှိ ပြင်သစ်သတင်းထောက်ဖြစ်တဲ့ Julien Laurens ကတော့ အမ်ဘတ်ပေဟာ လီဗာပူးအသင်းကို အတော်လေး သဘောကျတယ်လို့ သိရပါတယ်။ ကစားသမားရဲ့ မိခင်ဟာ လီဗာပူးအသင်း အားပေးသူပရိသတ်ဖြစ်ပါတယ်။
ပြင်သစ်သတင်းဌာနတွေနဲ့ သတင်းထောက်တွေကတော့ အမ်ဘတ်ပေ စပိန်ကလပ် ရီးရဲလ်မက်ဒရစ် ရောက်သွားမှာထက် လီဗာပူးကို ပြောင်းသွားတာကိုပဲ ပိုမြင်လိုနေကြပါတယ်။
ဒီနွေမှာ မာတစ်ရဲ့ စာချုပ် ကုန်ဆုံးမှာဖြစ်ပေမယ့် နည်းပြကလော့ပ်နဲ့ ဆက်ဆံရေးကောင်း ရှိထားတဲ့ ခံစစ်သမားနဲ့ ပတ်သက်လို့ ကလပ်ဘက်က သတိထား ကိုင်တွယ်မယ်လို့ သိရပါတယ်။
အမ်ဘတ်ပေဟာ Nike နဲ့ စာချုပ်ရှိထားသူ ဖြစ်ပြီး အမေရိကန်အဖွဲ့ဟာ သူတို့ အဓိက စပွန်ဆာပေးထားတဲ့ ကစားသမားကို မဟာပြိုင်ဘက် Adidas နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ ရီးရဲလ်မက်ဒရစ်ထံ ရောက်ရှိတာ မြင်လိုမှာ မဟုတ်ဘူးလို့ လီဗာပူးပရိသတ် အချို့က မှန်းဆလာပါတယ်။
ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းထံ အငှားထွက်နေတဲ့ ညာအစွန်လူ ကယ်ဗင်ရမ်ဆေးကို အသင်းထံ ပြန်လည်ခေါ်ယူဖို့ လီဗာပူးဘက်က စဉ်းစားနေပါတယ်။