ဒဏ်ရာရ ကစားသမားတွေ ပြန်သက်သာလာနေခြင်း၊ ပီတာလူဂါ အငှားထွက်ခြင်း၊ အိုဝင်ဘက်အတွက် ပယ်ချလိုက်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ဖာမင်နိုကို ခေါ်ယူနိုင်ဖို့ လန်ဒန်အခြေစိုက် ကလပ် ဖူလ်ဟမ်အသင်းက ကမ်းလှမ်းမှု ပြုလုပ်ထားပြီလို့ သိရပါတယ်။

ဆိုဘိုစလိုင်ဟာ အာဆင်နယ်၊ ဖူလ်ဟမ်တို့နဲ့ ပွဲတွေကို လွဲချော်မှာဖြစ်ပေမယ့် ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည် ပါဝင်လာနိုင်ပါတယ်။

ဘာဂျ်ဆီတစ်က အင်စတာဂရမ်မှာ အက်ဆာလေ့ကျင့်ရေးကို ရောက်လာတဲ့ ပုံကို တင်ထားပြီး စိတ်ရှည်လက်ရှည်လို့ ကပ်ရှင်ထိုးခဲ့ပါတယ်။

သောကြာနေ့ လေ့ကျင့်ရေးမှာတော့ ၁၆ နှစ်အရွယ် ကွင်းလယ်လူ နိုင်ယွန်နီ ထပ်မံ ပါဝင်လာပါတယ်။ နိုင်ယွန်နီဟာ အသင်းရဲ့ အကယ်ဒမီမှာ တရှိန်ထိုး နာမည်ကြီးလာနေပြီး စီနီယာအသင်း ပွဲနေ့ လူစာရင်းမှာ ၁ ကြိမ် ပါဝင်လာဖူးပါတယ်။

အာဆင်နယ်ပွဲမှာ လူငယ်တွေနဲ့ပဲ ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း နည်းပြကလော့ပ်က ရိပ်ဖမ်းသံဖမ်း အသိပေးလာပြီး စီနီယာတွေကို တွဲထည့်ပေးသွားမှာပါ။

မိုဆာလာဟာ အီဂျစ်အသင်းနဲ့ စတင် ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။ အီဂျစ်အသင်းဟာ အာဖရိကဖလားမှာ ဖိုင်နယ်ထိ တက်နိုင်မယ်ဆိုရင် မိုကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နောက်ပိုင်းမှာ အသင်းမှာ ပြန်မြင်ရမှာပါ။

အမ်ဘာပေဟာ လီဗာပူးကို သဘောကျပေမယ့်လို့ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့သွားဖို့က ဖြစ်နိုင်ချေ များလွန်းနေဆဲလို့ ဘီဘီစီက ဖော်ပြပါတယ်။

စကော့တလန်လိဂ်မှာ ပွဲပယ်ပြစ်ဒဏ် ပါဝင်လာခြင်းကြောင့် ဘယ်အစွန်လူ အိုဝင်ဘက်ဟာ အာဆင်နယ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

ကလပ်နဲ့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ကာတစ်ဂျုံးကို စာချုပ်သစ်ပေးဖို့ လီဗာပူးဘက်က စဉ်းစားနေပါတယ်။ ဂျုံးဟာ နောက်ရာသီကစလို့ homegrown စာရင်း ဝင်သွားပြီ ဖြစ်ပါတယ်။

ဘရာဇီး လူငယ်ဂိုးသမား ပီတာလူဂါဟာ အိုင်ယာလန် အသင်းဖြစ်တဲ့ St Patrick’s Athletic ထံ ရာသီကုန်ထိ အငှားထွက်သွားပြီ ဖြစ်ပါတယ်။

ဆဲလ်တစ်နဲ့ ရိန်းဂျားတို့ထံက ကမ်းလှမ်းမှုရပေမယ့် အိုဝင်ဘက်ကို ထပ်ပြီး အငှားချတော့မှာ မဟုတ်ဘူးလို့ လီဗာပူးက ပယ်ချလိုက်ပါတယ်။ နက်ဖီးလစ်ကိုလည်း ရာသီကုန်ထိ အသင်းမှာပဲ ဆက်ထိန်းထားတော့မှာပါ။

ကိုစတက်ရဲ့ ဒဏ်ရာဟာ မျှော်လင့်ထားတာထက် ပိုသက်သာလာဖွယ်ရှိပြီး အက်ဆာမှာ ပြန်ပြေးနေပြီဖြစ်ကာ ဖေဖော်ဝါရီမှာတင် ဘောလုံး ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။ ရော်ဘတ်ဆန်ကလည်း ဘောလုံးနဲ့အတူ တစ်ဦးချင်း ပြန်လေ့ကျင့်နေပါပြီ။