မာကာ၊ ဟာဗေး၊ အယ်လီဆန်တို့နဲ့အတူ တောင့်တင်းတဲ့ ပွဲထွက်စာရင်း မြင်ရဖွယ်ရှိတဲ့ အက်ဖ်အေဖလား ပွဲကြို လူစာရင်း ခန့်မှန်း

လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ညမှာ အာဆင်နယ်နဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားပြီး ကြာသပတေးနေ့မှာတော့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ကာရာဘောင်းဖလားပွဲ ဧည့်ခံ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Team news

ဆိုဘိုစလိုင် ဒဏ်ရာကြောင့် အက်ဖ်အေပွဲနဲ့ ကာရာဘောင်းပွဲတွေ လွဲပါမယ်။

အာဆင်နယ်ပွဲကို တောင့်တင်းတဲ့ လူစာရင်းဖြင့် ပွဲထုတ်မယ်လို့ နည်းပြကလော့ပ်က အရိပ်အမြွက်ပေးပါတယ်။

စကော့တလန်လိဂ်က ပွဲပယ် ပြစ်ဒဏ် ပါလာလို့ အာဆင်နယ်ပွဲကို အိုဝင်ဘက် ပါနိုင်မှာ မဟုတ်ပါဘူး။

Liverpool XI vs. Arsenal

အမ်းမရိတ်မှာ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလားပွဲကို ဂိုးသမားအဖြစ် အယ်လီဆန် တာဝန်ယူမှာဖြစ်ကာ ကလယ်ဟာကတော့ ကာရာဘောင်းပွဲကို တာဝန်ယူပါမယ်။

ခံစစ်တန်းမှာ အထိုင်အတွဲအဖြစ် ဗန်ဒိုက်နဲ့ အီဘူးကို တွဲဘက်ပေးပြီး ကာရာဘောင်းပွဲကျမှာ ကွမ်းဆက်ကို နေရာပေးဖွယ် ရှိပါတယ်။ ညာခြမ်းမှာ ထရန့်နဲ့ ဘယ်ခြမ်းက ဂိုးမက်စ်တို့ ဒီပွဲမှာ ဆက်လက် ပွဲထွက်ပါမယ်။

ကွင်းလယ်မှာတော့ နံပါတ် ၆ နေရာ မာကာ ပြန်ဝင်လာမှာဖြစ်ကာ သူ့ရဲ့ ရှေ့မှာတော့ ကာတစ်ဂျုံးနဲ့ ဂရာဗင်ဘက်ချ်တို့ ဝင်ကစားပါမယ်။ အခြားသော ရွေးချယ်စရာအဖြစ် ဂက်ပိုကလည်း ကွင်းလယ်ကနေ ကစားနိုင်ပါတယ်။

တိုက်စစ်မှာတော့ ဆာလာရဲ့ ညာခြမ်းနေရာကို ဟာဗေးဖြင့် ပွဲထုတ်ပြီး လူစားလဲချိန်မှာ ဂျိုတာကို ညာတောင်ပံနေရာ ထည့်လာဖွယ် ရှိပါတယ်။ တိုက်စစ်ကို ဒါဝင် ဦးဆောင်ပြီး ညာခြမ်းမှာတော့ ဒီယက်စ် ပါဝင်လာဖို့ ရှိပါတယ်။

နည်းပြကလော့ပ်ဟာ အဓိကကစားသမား အများအပြား အနားပေးမှုကို ကြားရက် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ ပြုလုပ်ဖွယ်ရှိပါတယ်။