ထရန့်နဲ့ ရီးရဲလ်အသံထွက်လာခြင်း၊ ဇန်နဝါရီမှာ အသင်းပြောင်းဖို့ မရှိတဲ့ သီယေဂို၊ ကာဗာရို ထပ်မံ အငှားထွက်ဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

ကွင်းလယ်လူ သီယေဂိုဟာ လီဗာပူးအတွက် ပွဲပြန်ကစားပေးနိုင်ဖို့ အာရုံစိုက်နေပြီး ဇန်နဝါရီမှာ အသင်းပြောင်းမယ့် အလားအလာ မမြင်သေးပါဘူးလို့ ရိုမန်နိုက ဆိုပါတယ်။

ဒီကနေ့ည အာဆင်နယ်နဲ့ အက်ဖ်အေဖလားပွဲမှာ နည်းပြကလော့ပ်ဟာ လူငယ်တွေကို အသားပေးမှာ မဟုတ်ဘဲ အမာခံ လူစာရင်းကို ထုတ်သုံးမှာဖြစ်ပါတယ်။

လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ၄၄ ရက်အတွင်း ၃ ကြိမ် တွေ့ဆုံမှာဖြစ်ကာ ဒီည အက်ဖ်အေပွဲကို သရေကျမယ်ဆိုရင် ၄ ကြိမ်ထိ တွေ့ဆုံကြပါမယ်။

ကာဗာရိုကို အငှားခေါ်ယူဖို့ ဖူလ်ဟမ်၊ ဝုဗ်နဲ့ အဲဗာတန်အပြင် ချန်ပီယံရှစ်ကလပ် ၆ သင်းလောက်က စိတ်ဝင်စားနေပါတယ်။ သူ့အတွက် ပွဲထွက်ခွင့် အာမခံချက် ပေးမယ့် အသင်းထံ အငှားချပေးဖို့ လီဗာပူးဘက်က စီစဉ်နေပါတယ်။

လီဗာပူးအသင်းရဲ့ လာမယ့်ရာသီ တတိယဂျာစီအတွက် ပုံရိပ်တွေ အသေးစိတ် ထွက်ပေါ်လာနေပါပြီ။ အဖြူရောင် အသားပေးပြီး လိုဂိုတွေက အနက်ရောင်ဖြစ်ကာ အနီနဲ့ အဝါရောင်းလိုင်းတွေ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ စာချုပ် ၂ နှစ်ပဲ ကျန်တော့တဲ့ ထရန့်ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေကြောင်း စပိန်ဘက်က ဖွလာနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ရိစ်ဂျိမ်းကိုလည်း သဘောကျပေမယ့် ဒဏ်ရာ ပြဿနာ နည်းပါးတဲ့ ထရန့်ကို ပိုအလိုရှိနေပါတယ်။

ဆာလာနေရာ ရေရှည်အစားထိုးဖို့ ပဲလေစ့်အသင်းမှ တောင်ပံသမား အိုလီဆီကို အခြားသော အသင်းကြီးတွေနဲ့အပြိုင် လီဗာပူးကလည်း ကင်းထောက်နေပါတယ်။

ဟန်ဒါဆန်၊ ဖာမင်နိုတို့ဟာ ဆော်ဒီမြေမှာ အဆင်မပြေမှုတွေကြောင့် ပရီးမီးယားလိဂ်ထံ ပြန်ပြောင်းလာချင်နေကြပါတယ်။