အာဆင်နယ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့စဉ် ဒုတိယပိုင်းအတွင်း ကလော့ပ်ရဲ့ လူစားလဲမှုတွေဟာ ထူးချွန်လွန်းတယ်လို့ ဘီဘီစီမှ ဘောလုံးသုံးသပ်သူတွေက ချီးကျူးခဲ့ကြပါတယ်။
မနှစ်ကရာသီ ကျဆင်းမှုကနေ ဒီရာသီ ဖလားပြိုင်ပွဲ ၄ ခုလုံးကို ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက လီဗာပူးနည်းပြဟာ ယာဂင်ကလော့ပ် ဖြစ်နေလို့ပဲလို့ အင်္ဂလန်ဘောလုံး ဝေဖန်ရေးသမားတွေက လေးစားမှုတွေ ပေးနေကြပါတယ်။
စွမ်းဆောင်ရည်အရရယ် အခွင့်အရေး ဖန်တီးနိုင်စွမ်းတွေအရရယ် ဒီပွဲကို အာဆင်နယ်က အနိုင်ရဖို့ ထိုက်တန်တယ်လို့ အာတီတာက ဆိုပါတယ်။
အက်ဖ်အေဖလားပွဲမှာ ဗန်ဒိုက် မပါနိုင်တာက ဖျားနေလို့ဖြစ်ပြီး ကြားရက် ကာရာဘောင်းပွဲမှာ ကစားနိုင်မလား စောင့်ကြည့်ရမှာပါ။
ဂယ်ရီလင်ကာကတော့ လူတွေဟာ ကစားသမားတစ်ယောက်ရဲ့ အားသာချက်ကို ထုတ်ဖော် ချီးကျူးမှာထက် အားနည်းချက်ကို အပြစ်ရှာ ထောက်ပြဖို့ပဲ စိတ်အားထက်သန်ကြတယ်လို့ မှတ်ချက်ပေးပြီး ထရန့်ရဲ့ ခြေစွမ်းတွေကို အထင်ကြီးကြောင်း ထုတ်ပြောခဲ့ပါတယ်။
ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ အီဘူးကတော့ သူ့အတွက် အကောင်းဆုံး ကစားသမားကတော့ တစ်သင်းလုံးပဲလို့ တုန့်ပြန်ပါတယ်။
အာဆင်နယ်ကို ရင်ဆိုင်ကစားရာမှာ လူစားဝင်ခဲ့ကြတဲ့ ဘော်ဘီ ကလက်နဲ့ ဘရတ်ဒလေတို့ရဲ့ ခြေစွမ်းဟာ ချီးကျူးခံခဲ့ရပြီး နှစ်ဦးလုံးဟာ ကလပ်နဲ့ စာချုပ်ရှည်တွေ ချုပ်ဆိုထားကြသူတွေဖြစ်ပါတယ်။
ပွဲအပြီး ဂန်းနားချန်နယ် AFTV မှာ လီဗာပူးက ဆာလာ၊ ဗန်ဒိုက် မပါဘူးဆိုပေမယ့် သူတို့အသင်းမှာလည်း ဂျေးဆုနဲ့ ဇင်ချန်ကို မပါပါဘူးလို့ နှိုင်းယှဉ်ခဲ့ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ လိဂ်ရဲ့ အကောင်းဆုံး ကစားသမား ၂ ဦး မပါတာကို အာဆင်နယ်မှာတောင် ပုံမှန် ပွဲထွက်ခွင့် မသေချာတဲ့ ၂ ဦးနဲ့ ယှဉ်ပြောတာကြီးက ရူးလောက်တဲ့စကေးလို့ တုန့်ပြန်ခဲ့ကြပါတယ်။