နည်းပြယာဂင်ကလော့ပ်က လန်ဒန်ကို အသင်းထွက်ခွာလာမယ့် အချိန်မှာ ဗန်ဒိုက်ရဲ့ အခြေအနေဆိုးကို သိခဲ့ရတာပါလို့ ပြောပြလာပါတယ်။
အသင်းခေါင်းဆောင်ဟာ အဖျားကြောင့် မပါနိုင်ခဲ့တာမို့ အာဆင်နယ်ကို ရင်ဆိုင်ရတဲ့ အက်ဖ်အေပွဲမှာ ထရန့်က ကပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ အီဘူးခြေစွမ်းပြမှုနဲ့အတူ ၂-၀ ဖြင့် အနိုင်ရကာ စတုတ္ထအဆင့်ထံ တက်ရောက်နိုင်ခဲ့ပါတယ်။
“ ဗန်ဒိုက်က ဖျားနေတာပါ ” လို့ မန်နေဂျာက ပွဲအပြီးမှာ ရှင်းပြပါတယ်။ ကြားရက် ကာရာဘောင်းပွဲ ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဗန်ဒိုက် ပြန်ပါလာမလားလို့ မေးခံရချိန်မှာ ကလော့ပ်က ရေရာတဲ့ အဖြေမျိုး မပေးခဲ့ပါဘူး။
ကလော့ပ်ကပဲ “ ဗန်ဒိုက် ပြန်ပါလာဖို့ မျှော်လင့်ပေမယ့် မသိသေးဘူး။ အာဆင်နယ်ပွဲအတွက် လန်ဒန်ကို ထွက်ခွာခါနီး သူ အသင်းကို ရောက်လာတယ်။ ဗန်ဒိုက်ကို ရုပ်ဆိုးပန်းဆိုး မြင်ရဖို့ဆိုတာ မြင်ရခဲ့တယ်။ ဒါပေမယ့် အဲ့လို အခွက်ကြီးနဲ့ သူ ရောက်လာတယ်။
သူ့အခြေအနေ အဲ့လောက်တောင် ဖြစ်နေတော့ သူ့ကို အိမ်ပဲ ပြန်လွတ်လိုက်ရတာပေါ့ ” လို့ ရှင်းပြသွားပါတယ်။ တိုတိုနဲ့ထိမိလှတဲ့ နည်းပြကလော့ပ်ရဲ့ တုန့်ပြန်ချက်ကို သတင်းထောက်တွေက ရယ်မောခဲ့ကြတယ်။
ဗန်ဒိုက်ဟာ အဖျားကနေ ခပ်မြန်မြန် ပြန်သက်သာလာဖို့ မျှော်လင့်ပေမယ့် အီဘူးနဲ့ ကွမ်းဆက်တို့ရဲ့ ခြေစွမ်း ကောင်းနေခြင်းက ကာရာဘောင်းပွဲအတွက် အားရစရာပဲ ဖြစ်ပါတယ်။