ဆိုဘိုစလိုင်ဟာ ဟန်ဂေရီရဲ့ တစ်နှစ်တာ အကောင်းဆုံး sportsperson ဆုကို ရရှိသွားတယ်လို့ သိရပါတယ်။
ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီလိဂ်ကနေ အင်္ဂလန်ကို ပြန်ပြောင်းလာလိုပေမယ့် လီဗာပူးအသင်းက သူ့ကို ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး။
ပြင်သစ်အသင်းက ဆာလီဘာကို ကျော်ပြီး အီဘူးကို ဘာကြောင့် နေရာပေးသလဲ ဆိုတာ သိသာထင်ရှားလာနေပြီလို့ မှတ်ချက်တွေရနေပါတယ်။ လီဗာပူးအသင်းရဲ့ အူပါမီကာနိုကို ကျော်ပြီး အီဘူးကို ရွေးချယ်ခြင်းကလည်း မှန်ကန်ခဲ့တယ်လို့ ပြင်သစ်သတင်းတွေက သုံးသပ်လာကြပါတယ်။
အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ပွဲမှာ ဒါဝင် နူးညက်စ်ရဲ့ ဘယ်ခြမ်းကနေ တရစပ် ထိုးဖောက်ပြီး ဖိအားပေးမှုဟာ သူတို့ကို ကစားရတာ ပိုလွယ်စေခဲ့တယ်လို့ ထရန့်က မှတ်ချက်ပေးပါတယ်။
အက်ဖ်အေဖလား စတုတ္ထအဆင့်မှာတော့ လီဗာပူးအသင်းဟာ နောဝစ်ချ် vs ဘရီစတိုရိုဗားစ် အတွဲက တက်လာမယ့် အသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
စတုတ္ထအဆင့်မှာတော့ စပါး vs မန်စီးတီး ၊ ချယ်ဆီး vs အက်စတွန်ဗီလာ အတွဲတွေ ပါဝင်နေတာမို့ ပြိုင်ဘက် အသင်းကောင်း နှစ်သင်းဟာ အဆိုပါ အဆင့်မှာတင် ပြုတ်သွားတော့မှာပါ။
ရာသီကုန်ရင် ဆာလာဟာ စပိန်လိဂ်ကို ပြောင်းနိုင်ဖို့ ကြိုးစားတော့မယ် ဆိုတဲ့ သတင်းကို ကစားသမားရဲ့ အေးဂျင့်က ပယ်ချလို်က်ပါတယ်။
ခံစစ်မှူးနေရာအတွက် လီဗာပူးအသင်းဟာ အန်နာဆီယို အပြင် စပို့တင်း ခံစစ်မှူး Diomande နဲ့ ဘင်ဖီကာ ခံစစ်မှူး အန်တိုနီယို ဆေးဗားတို့ကိုလည်း သဘောကျနေပါတယ်။
တိုက်စစ်သမား ကာဗာရိုကို ချန်ပီယံရှစ်ကလပ် ဟူးစီးတီးထံ အငှားချပေးဖို့ လီဗာပူးဘက်က သဘောတူညီလိုက်ပါပြီ။ စာချုပ်မှာတော့ အပြီးသတ် ခေါ်ယူခွင့်ပေးဖို့ အချက် မပါဝင်ပါဘူး။