မနှစ်ကရာသီကုန် ဧပရယ်လလောက်မှာ ရခဲ့တဲ့ တင်ပါး ဒဏ်ရာကြောင့် အနားယူနေရတဲ့ သီယေဂိုဟာ သီယေဂိုဟာ နောက်လမှာတော့ အသင်း လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။
လီဗာပူးအသင်း ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့အဆင့် ကစားသမား ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ သီယေဂိုဟာ ၂၀၂၀ မှာ ဘိုင်ယန်မြူးနစ်ကနေ ပြောင်းလာခဲ့ကတည်းက လီဗာပူးအတွက် ၉၇ ပွဲပဲ ကစားနိုင်ခဲ့ပါတယ်။ သူဟာ ဒဏ်ရာတွေရဲ့ သားကောင်း ဖြစ်နေရပြီး အဲ့လိုဖြစ်ရခြင်းဟာ သူကစားတဲ့ နည်းစနစ်ကြောင့်ဆိုလည်း မမှားပါဘူး။
ဒီအကြောင်းကို ပြောပြတာကလည်း သီယေဂို ကိုယ်တိုင်ပဲဖြစ်ပြီး ၂၀၂၂ ခုနှစ်တုန်းက SuperSport ချန်နယ်အတွက် အိုဝင်ဟားဂရေဗ့်နဲ့ ပြုလုပ်တဲ့ အစီအစဉ်မှာ သူ့ရဲ့ ဘောလုံးကစားတဲ့ နည်းစနစ်တွေအကြောင်း ရှင်းပြရာမှာ ပါဝင်ခဲ့တာပါ။
သီယေဂိုက သူ့ အရမ်းသုံးလေ့ရှိတဲ့ no-look ဘောလုံးပေးမှုဟာ ပြိုင်ဘက်တွေကို ဖြိုခွင်းဖို့ သိပ်အသုံးဝင်ပေမယ့် ဂေါက်လွဲတဲ့ပုံစံ ခြေထောက် အားပြုခြင်းက တင်ပါးကို အရမ်း ဒုက္ခပေးတယ်လို့ ဝန်ခံခဲ့ပါတယ်။
သီယေဂိုက “ ဘောလုံးပေးဖို့ရာ ကိုယ့်ရဲ့ အသင်းဖော်တွေရှိနေမယ့် နေရာကို အရင်လေ့လာထားရတာပေါ့။ ဒါပေမယ့် ဒီတိုင်း ဆက်ကစား ၁၀ နှစ်လောက်ဆိုရင် ကျနော်ရဲ့ တင်ပါးလည်း လုံးဝ ပျက်ဆီးသွားမှာ ၁၀၀% သေချာပါတယ်။
@supersportofficial Iconic 👀 #thiago #thiagoalcantara #liverpool #nolookpass #premierleague ♬ original sound – SuperSportTV
ဒါပေမယ့် အဲ့နည်းစနစ်က ပြိုင်ဘက်တွေကို လှည့်စားလို့ရစေတယ်။ နောက်ပြီး အဲ့နည်းစနစ်ကြောင့်ပဲ အသင်းဖော်တွေကို ပိုကောင်းတဲ့ နေရာ အနေအထားတွေ ရစေပါတယ် ” လို့ ရှင်းပြခဲ့ပါတယ်။
လီဗာပူး ကစားသမားဘဝမှာ သီယေဂိုဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအတွင်း ပြိုင်ပွဲစုံ ၃၉ ပွဲနဲ့ ပွဲအများဆုံး ကစားခဲ့ရပါတယ်။ သူဟာ မကြာခဏ တင်ပါး ဒဏ်ရာကြောင့် အနားယူရပြီး ဧပရယ်လတုန်းကလည်း ဒီဒဏ်ရာကိုပဲ ခွဲစိတ်ခဲ့ရတာပါ။
သီယေဂိုရဲ့ ကြံ့ခိုင်မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းကတော့ “ တင်ပါး ပတ်ဝန်းကျင်ဟာ သီယေဂိုအတွက် ကာလရှည် ဒဏ်ရာ ဖြစ်နေတာပါ။ သူပြန်လေ့ကျင့်နေပေမယ့် ကာလရှည်အတွက် ရည်ရွယ်ပြီး သူပြန်လာတာကို စောင့်ရမှာ ဖြစ်ပါတယ် ” ဆိုပြီး နည်းပြကလော့ပ်က ထုတ်ပြောထားတာ ဖြစ်ပါတယ်။