ဘရိုရာ ကျနော်လည်း သွင်းပါတယ် ဘောလုံးက မဝင်တာပါလို့ ညည်းတွားရှာတဲ့ ဒါဝင် နူးညက်စ်

ဒါဝင် နူးညက်စ်ရဲ့ သူ့ရဲ့ ကံဆိုးလှတဲ့ အဆုံးသတ်ချက်တွေကို သူကိုယ်တိုင်လည်း သိထားပြီး အသင်းဖော်ဖြစ်သူ လူချိုကို အားငယ်စွာနဲ့ ညည်းတွားမှု လုပ်ခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဒါဝင်ဟာ လီဗာပူးကစားကွက်ကို တက်ကြွစေခဲ့သလို ထူးချွန်တဲ့ လှုပ်ရှားမှုတွေဖြင့် တိုက်စစ်ပိုင်းအား အကူအညီပေးခဲ့ပါတယ်။ သူဟာ ဒီရာသီ အသင်းအတွက် ၈ ဂိုးပဲ သွင်းထားပေမယ့် ဂိုးထောက်ပံ့မှုက ၁၀ ကြိမ်ထိ ရှိထားပါပြီ။

မနက်ကပွဲမှာလည်း အသင်းဖော် ကာတစ်ဂျုံးနဲ့ ဂက်ပိုတို့ ဂိုးရအောင် ဂိုးထောက်ပံ့မှုတွေ လုပ်ပေးနိုင်ခဲ့မယ့် ကိုယ်တိုင် အဆုံးသတ်မှုတွေကတော့ ဖူလ်ဟမ် ဂိုးသမား လီနို ကောင်းလွန်းနေတာကြောင့် မရခဲ့ပါဘူး။ ဒါဝင်ဟာ အခွင့်အရေး ၃ ကြိမ်လောက်ကို အကောင်းဆုံး ပိတ်သွင်းခဲ့ပေမယ့် ကာကွယ်ခံခဲ့ရပါတယ်။

ပွဲပြီးလို့ အဝတ်လဲခန်းထဲ ပြန်အဝင်မှာ ဒါဝင်ကတော့ ” ဘရားသားရာ ဘောလုံးကိုယ်က ဂိုးပေါက်ထဲ မဝင်ချင်တာပါ ” လို့ အသင်းဖော် တစ်ဦးဦးကို စပိန်လို ပြောပြနေခဲ့တာဟာ ရုပ်သံထဲ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါဝင်ဟာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ထိ အလားအလာရှိတဲ့ ကစားဟန်တွေကို ပြသနိုင်နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဆုံးသတ်ချက်တွေဟာ အံ့ဩဖွယ်ကောင်းအောင် ကာကွယ်ခံနေရသလို သူကိုယ်တိုင်ကလည်း ဂိုးရလိုစိတ်တွေ အရမ်းလောနေလို့ အမှားတွေ များနေခဲ့တာပါ။

ပွဲအပြီးမှာ နည်းပြကလော့ပ်ကတော့ ” ဒါဝင်ရဲ့ အခြေအနေကို ဘယ်လို ရှင်းပြရမလဲ မသိတော့ဘူး။ အဆုံးသတ်ပိုင်း အခြေအနေတွေမှာ သူ့ထက် ပိုကံဆိုးတဲ့သူ မရှိနိုင်တော့ပါဘူး။

ကွင်းထဲမှာတော့ သူက အကုန်လုံးကို မှန်မှန်ကန်ကန် လုပ်နေတာပဲ။ ဂိုးတွေရဖို့လည်း ဖန်တီးပေးနေတာပဲ၊ ဖန်တီးပေးမှုအပိုင်းတော့ တကယ်ကောင်းတယ်။ စူပါ စပယ်ရှယ်ပါပဲ။ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။